ဒီရာသီမှာ ပွဲထွက်စာရင်းကို ထပ်တလဲလဲ ဆိုးလ်ရှားက အသုံးပြုခဲ့ပါတယ်။
Pyae Phyo Thein

ဆိုးလ်ရှားက အသင်းလူစာရင်းပိုင်းမှာ အားနည်းမှုတွေ ရှိနေတယ်လို့ ယူဆခဲ့ကာ ကစားသမားသစ်ဝယ်ယူဖို့ကိုပဲ ဦးတည်ပြောဆိုခဲ့ပါတယ်။ 


ယူနိုက်တက်အနေနဲ့ မန်စီးတီး၊ လီဗာပူးလ်တို့ကို ယှဉ်ပြိုင်ချင်တယ်ဆိုပါက ကစားသမားသစ်တွေခေါ်ယူဖို့ လိုအပ်မယ်လို့ နည်းပြဆိုးလ်ရှားကပြောဆိုလိုက်ပါတယ်။ ဆီဗီလာကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက ပြောဆိုခဲ့တာဖြစ်ပြီး ကိုလုံးမှာကစားခဲ့တဲ့ပွဲမှာ ပွဲကစားချိန် ၈၇ မိနစ်အထိ ဆိုးလ်ရှားက လူစားလဲလှယ်မှုမလုပ်ခဲ့ဘဲ အသင်းအင်အားတောင့်တင်းဖို့ လိုအပ်နေပြီလို့ ပြောဆိုခဲ့တာပါ။ 

အဆိုပါပွဲမှာတော့ ဆိုးလ်ရှားဟာ လူစားလဲလှယ်မှုတွေနောက်ကျခဲ့တယ်လို့ ပရိသတ်တွေက ဝေဖန်နေကြပြီး ခြေစွမ်းမပြနိုင်တဲ့ ရက်ရှ်ဖို့ဒ်ကို စောစောစီးစီးလူစားမလဲခဲ့တဲ့အပေါ်မှာလည်း ပြစ်တင်နေကြပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားက အသင်းလူစာရင်းပိုင်းမှာ အားနည်းမှုတွေ ရှိနေတယ်လို့ ယူဆခဲ့ကာ ကစားသမားသစ်ဝယ်ယူဖို့ကိုပဲ ဦးတည်ပြောဆိုခဲ့ပါတယ်။ 

"အခွင့်အရေးတွေအများကြီးဖန်တီးနိုင်တဲ့အချိန်၊ အဖွင့်ဂိုးကိုလည်း ရရှိခဲ့တဲ့အချိန်မှာ လူစားလဲလှယ်ဖို့က ခက်ခဲပါတယ်၊ ဂရင်းဝုဒ်၊ မားကပ်စ်၊ အန်သိုနီနဲ့ ဘရူနိုတို့က ဂိုးသွင်းနိုင်သူတွေဖြစ်ပြီး ကျွန်တော်တို့အတွက် အကောင်းဆုံးကစားပေးခဲ့သူတွေပါ၊ ဒီနေ့ပွဲမှာ ဂိုးရဖို့ အခွင့်အရေးတွေ အများကြီး သူတို့ဖန်တီးနိုင်ခဲ့ပါတယ်၊ ဟုတ်ပါတယ်၊ ကျွန်တော်တို့ မောပန်းနွမ်းနယ်နေတာကို ကြည့််နေခဲ့ရပါတယ်"

"တိုးတက်ဖို့လိုအပ်နေပြီး နေ့တိုင်းမှာ သူတို့က ကြိုးစားလုပ်ကိုင်နေခဲ့တာပါ၊ အသင်းလူစာရင်းပိုမိုတောင့်တင်းပြီး ခိုင်မာဖို့ လိုအပ်နေပါတယ်၊ ဘာလို့လဲဆိုတော့ ရှည်လျားတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေရတာဖြစ်ပြီး အခုဆို ပြန်ကန်ရတော့မယ့် ရာသီအတွက် အနားယူချိန်က နှစ်ပတ်ပဲရှိပါတယ်" လို့ ဆိုးလ်ရှားကပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ညာတောင်ပံတိုက်စစ်ကစားသမား၊ ဗဟိုခံစစ်မှူး၊ ကွင်းလယ်လူတစ်ဦး နဲ့ တိုက်စစ်မှူးတစ်ဦးတို့ လိုအပ်နေတယ်လို့ သုံးသပ်ရပြီး ဘဏ္ဍာရေးအခက်အခဲကြောင့် ကစားသမားသစ်တွေခေါ်ယူဖို့တော့ အနည်းငယ်အခက်တွေ့နေပါတယ်။ "စျေးကွက်ထဲမှာ ကျွန်တော်တို့ လှုပ်ရှားမှုတွေရှိနေပါတယ်၊ သဘောတူညီမှုရရှိဖို့အတွက် ရာနှုန်းပြည့်သေချာအောင်လုပ်ရမှာပါ" လို့ ဆိုးလ်ရှားက ထပ်ပြောခဲ့ပါတယ်။ 


Author


က္က