ဆီဗီလာနဲ့ ဂိုးမရှိသရေကျခဲ့တာပါ။
Pyae Phyo Thein

ဒါပေမယ့်လည်း ပီကေးရဲ့ အမြင်နဲ့ ဘာစီလိုနာနည်းပြဆက်တီယန်တို့ကြားမှာ ကွဲလွဲမှုတွေရှိနေပြီး ဆက်တီယန်ကတော့ ရီးရဲလ်ဟာ ပွဲတိုင်းကို အနိုင်ကစားနိုင်မှာမဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။


ဆီဗီလာကို အဝေးကွင်းမှာ သရေသာကစားနိုင်ခဲ့ပြိးနောက် ဘာစီလိုနာအသင်းနောက်ခံလူပီကေးက လာလီဂါဆုဖလားကို သူတို့အသင်းဆွတ်ခူးနိုင်မယ့် အခွင့်အရေးဟာ လျော့ကျသွားခဲ့ပြီလို့ ပြောဆိုလိုက်ပါတယ်။ ဂိုးမရှိသရေကျခဲ့တာဖြစ်ပြီး ဘာစီလိုနာအနေနဲ့ ရီးရဲလ်အသင်းမကစားရခင်မှာ ၃မှတ်အသာနဲ့ ဦးဆောင်နေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်ကသာ အနိုင်ရခဲ့မယ်ဆိုရင် ရမှတ်တူအနေအထားမှာ ထိပ်တိုက်တွေ့ဆုံမှုရလဒ်အသာစီးရရှိထားတဲ့ ဇီဒန်းရဲ့အသင်းက အမှတ်ပေးဇယားထိပ်ဆုံးနေရာကို သိမ်းပိုက်နိုင်တော့မှာလည်းဖြစ်ပါတယ်။ ရီးရဲလ်ဟာ တနင်္ဂနွေနေ့မှာ ရီးရဲလ်ဆိုဆီဒက်နဲ့ ကစားသွားရမှာလည်း ဖြစ်ပြီး နိုင်ပွဲရဖို့အတွက် အားကုန်ထုတ်တော့မှာလည်းဖြစ်ပါတယ်။ 

"အမှတ်ပေးဖလားကို ရယူနိုင်ဖို့က အရမ်းခက်ခဲသွားပြီလို့ ကျွန်တော်ထင်တယ်၊ ကျွန်တေ်ာတို့ တတ်နိုင်သမျှအားလုံးကို လုပ်ရမှာဆိုပေမယ့် ရီးရဲလ်က ရမှတ်တွေအများကြီးလျော့မယ်မထင်ဘူး၊ ကျွန်တော်တို့လက်ထဲမှာ အခွင့်အရေးမရှိတော့ဘူး၊ ရီးရဲလ်အမှတ်တွေလျော့ဖို့ဆိုတာကလည်း ခက်ခဲပါတယ်၊ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲအရ ကျွန်တေ်ာတို့အတွက် ခက်ခဲသွားပါပြီ" လို့ ပီကေးက ပြောခဲ့ပါတယ်။ 

"ကျွန်တော်တို့အခွင့်အရေးတွေပိုရခဲ့ပြီး ပွဲကို သူတို့ထက်ပိုပြီးထိန်းချုပ်နိုင်ခဲ့ပါတယ်၊ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး၊ သူတို့က တတိယနေရာကအသင်းဖြစ်ပြီး ထိပ်တန်းအသင်းပါ၊ ဒီသရေပွဲက ရပ်တည်မှုကိုပြောင်းလဲစေပြီး ဆုဖလားရဖို့က ကျွန်တော်တို့ပေါ် မမူတည်တော့ပါဘူး" လို့ ပီကေးက ပြောဆိုခဲ့တယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ပီကေးရဲ့ အမြင်နဲ့ ဘာစီလိုနာနည်းပြဆက်တီယန်တို့ကြားမှာ ကွဲလွဲမှုတွေရှိနေပြီး ဆက်တီယန်ကတော့ ရီးရဲလ်ဟာ ပွဲတိုင်းကို အနိုင်ကစားနိုင်မှာမဟုတ်ဘူးလို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ "ပီကေးက ဒီအချိန်မှာ ဒေါသထွက်နေတာထင်တယ်၊ မနက်ဖြန်ဆိုရင် သူ နောက်တစ်မျိုးတွေးမိပါလိမ့်မယ်၊ ရီးရဲလ်က ပွဲတိုင်းအနိုင်မယူနိုင်တာတော့ သေချာပါတယ်" လို့ ဆက်တီယန်က ပြောဆိုခဲ့ပါတယ်။ 


Author


က္က