စပိန်လာလီဂါပွဲစဉ်တွေကို ရက်သတ္တပတ် ၂ပတ်ရွှေ့ဆိုင်းထားခဲ့တာပါ။
Win Kyaw Min

အစောပိုင်းကာလတွင် လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအတိုင်း ၂၀၁၉-၂၀ ဘောလုံးရာသီကို ပိတ်သိမ်းဖို့စီ စဉ်မှုအချို့ရှိိနေခဲ့တယ်လို့ သတင်းထွက်ပေါ်မှုများရှိခဲ့တာလည်းဖြစ်ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းထားရသော်လည်း လ က်ရှိအဆင့်ရပ်တည်မှုတိုင်း ရာသီပိတ်သိမ်းဖို့အစီအစဉ်မရှိသလို အမျှတဆုံးပြိုင်ပွဲဖြစ်ဖို့အတွက် အချိန်အတိုင်း အတာတစ်ခုအတွင်း ပြန်လည်ကျင်းပသွားဖို့ရှိနေတယ်လို့ အတည်ပြုသတင်းထုတ်ပြန်မှုကို marca.comရဲ့ဖော် ပြချက်အရ သိရပါတယ်။

ဥရောပနိုင်ငံများတွင် ကူးစက်ခံရမှုအများဆုံးနိုင်ငံအဖြစ်ရှိနေတဲ့ အီတလီနိုင်ငံရဲ့နောက် ဒုတိယနေရာမှာရှိနေတဲ့ စပိန်နိုင်ငံအနေနဲ့ ယမန်နေ့ရလဒ်များအရ ၁၁,၁၇၈ ဦးအထိကူးစက်ခံထားရပြီး ၄၉၁ ဦးအထိသေဆုံးခဲ့ပြီဖြစ်တဲ့ အတွက် လာလီဂါပွဲစဉ်တွေကို ထပ်မံရွှေ့ဆိုင်းဖို့ရှိနေတယ်လို့လည်း သုံးသပ်မှုများရှိနေခဲ့ပါတယ်။



“ ဖီဖာ၊ ယူအီးအက်ဖ်အေတို့နဲ့ နေ့စဉ်ဆက်သွယ်မှုတွေနဲ့အတူ အခြေအနေအသေးစိတ်တွေကို အသိပေးညှိနှိုင်း မှုတွေပြုလုပ်နေပါတယ်။ ပြိုင်ပွဲတွေကို အချိန်အတိုင်းအတာတစ်ခုအထိရွှေ့ဆိုင်းထားတယ်ဆိုပေမယ့် လက်ရှိရ လဒ်အတိုင်း ပြီးစီးပိတ်သိမ်းဖို့မရှိပါဘူး။ လက်ရှိအဆင့်-၁ ဘာစီလိုနာကို ချန်ပီယံအဖြစ်သတ်မှတ်ဖို့ဆိုတာမဖြစ် သင့်တဲ့အခြေအနေပါ။ မျှတတဲ့ပြိုင်ပွဲဖြစ်ဖို့ ပြိုင်ပွဲကိုပြီးဆုံးအထိ ကျင်းပသွာနိုင်မှာပါ ” လို့ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရူဘီလက်စ်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

စပိန်လာလီဂါအသင်းများတွင် ဗလင်စီယာအသင်းက အဆိုးရွားဆုံးရောဂါကူးစက်ခံထားရပြီး အသင်းရဲ့ ၃၅ရာ ခိုင်နှုန်းသောလူများတွင် ရောဂါရှိနေတယ်လို့ အတည်ပြုခဲ့သလို ဥရောပပွဲစဉ်များကစားခဲ့ရတဲ့ အခြားသောအသ င်းကြီးအချို့ကိုလည်း စောင့်ကြည့်မှုတွေပြုလုပ်နေရဆဲလည်းဖြစ်ပါတယ်။

လက်ရှိမှာ ရက်သတ္တပတ် ၂ပတ်ရွှေ့ဆိုင်းထားတဲ့ စပိန်လာလီဂါအနေနဲ့ ဖီဖာ၊ ယူအီးအက်ဖ်အေတို့ရဲ့ညွှန်ကြား မှုများအတိုင်း လုပ်ဆောင်နေဆဲဖြစ်ပြီး ရောဂါအခြေအနေထိန်းချုပ်နိုင်တဲ့အခြေအနေရောက်ရှိမှာသာ ပွဲစဉ်တွေ ကို ပြန်လည်ကျင်းပစေဖို့ရှိနေတယ်လို့လည်း စပိန်မီဒီယာတစ်ခုဖြစ်တဲ့ footballespana ကလည်း အခိုင်အမာ ဖော်ပြမှုတွေပြုလုပ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က