နော်ဝေကို ၃ ဂိုးပြတ်နဲ့ အနိုုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်လာတာပါ။

၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အမျိုးသားအသင်းက ဆီမီးဖိုင်နယ်ကို ၁၉၉၀ နောက်ပိုင်းပထမဆုံးအကြိမ် ပြန်လည်တက်လှမ်းနိုင်ပမယ့် ၁၉၆၆ နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်ခွင့်နဲ့တော့ လွဲချော်ခဲ့ တာပါ။

ပြင်သစ်နိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန် လက်ရွေးစင် အမျိုးသမီး အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒီမနက်က ကစားခဲ့တဲ့ နော်ဝေအသင်းနဲ့ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။

အခုလို အင်္ဂလန် အမျိုးသမီးအသင်း ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်တာကတော့ ၂ ကြိမ်ဆက်လို့ ပြောရမှာဖြစ်ပြီး ၂၀၁၅ ကမ္ဘာ့ဖလားတုန်းကလည်း ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာပါ။

အဲ့ဒီတုန်းကတော့ ဆီမီးဖိုင်နယ်မှာ ဂျပန်အသင်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး တတိယနေရာလုပွဲမှာတော့ ဂျာမနီ အသင်းကို ၁-ဝနဲ့ အနိုင်ရခဲ့ပါတယ်။

အင်္ဂလန်အသင်းတွေအနေနဲ့ ကမ္ဘာ့အလယ်မှာ နာမည်ကြီးပေမယ့်လည်း အောင်မြင်မှုကိုတော့ မယမယ်ရရ မပြသထားနိုင်တဲ့အသင်းတွေအဖြစ် ရှိနေပြီး အမျိုးသမီး အသင်းအနေနဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့တာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဖြစ်ပြီး ဗိုလ်လုပွဲကိုမူ လုံး၀ မတက်ရောက်ထား နိုင်ပါဘူး။

အမျိုးသားအသင်းကတော့ ၁၉၆၆ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပစဉ် ရယူထားနိုင်ပြီးနောက်ပိုင်း ဗိုလ်လုပွဲကိုပင် ပြန်လည်တက်လှမ်းနိုင်ခြင်းမရှိသလို ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့တာကိုက ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ် ပြန်လည်တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနောက်ပိုင်း နှစ်တွေထဲမှာတော့ အင်္ဂလန် အသင်းတွေ ကမ္ဘာ့ဘောလုံးဇာတ်ခုံမြင့်ကို ပြန်လည်တက် လှမ်းလာနိုင်တာ မြင်တွေ့ရပြီး ချန်ပီယံဆုနဲ့ လက်တစ်ကမ်းအကွာမှာ လက်လွှတ်ခဲ့ရတဲ့ အမျိုးသားအသင်းရဲ့ အိပ်မက်ကို အမျိုးသမီးအသင်းက သမိုင်းတလျှောက် ပထမဆုံး စွမ်းဆောင်ပြနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရပါတော့မယ်။

အင်္ဂလန်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်မှာ အိမ်ရှင်ပြင်သစ်နဲ့လက်ရှိချန်ပီယံ အမေရိကန်အသင်းတို့ထဲက အနိုင်ရရှိလာတဲ့အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။



က္က