မက်ဒရစ်မြို့က အကြိးအကဲတစ်ဦးက ဖော်ပြခဲ့တာပါ။

ဒီလိုလှူဒါန်းမှုမှာ ဒီဂီယာက အလှူရှင်ဘယ်သူဘယ်ဝါဆိုတာလဲဆိုတာကို မဖော်ပြခဲ့ပေမယ့်လည်း တာဝန်ရှိသူတစ်ဦးကတော့ ထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ စပိန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက် ယူရိုသုံးသိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီလိုလှူဒါန်းမှုမှာ ဒီဂီယာက အလှူရှင်ဘယ်သူဘယ်ဝါဆိုတာလဲဆိုတာကို မဖော်ပြခဲ့ပေမယ့်လည်း တာဝန်ရှိသူတစ်ဦးကတော့ ထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 



Daily Mail ရဲ့ ဖော်ပြချက်အရ မက်ဒရစ်မြို့ရဲ့ အကြီးအကဲတစ်ဥိးဖြစ်တဲ့ (The President of the Community of Madrid ) အစ္စဘယ်လ်ဒီယက်ဇ်အာယူဆိုက သူမရဲ့တွစ်တာအကောင့်ကနေ ဖွင့်ချသွားခဲ့တာလို့ သိရပါတယ်။ စပိန်ကတော့ ဥရောပမှာ အီတလီပြီးရင်း ဗိုင်းရပ်စ်ပြသနာကို ဒုတိယမြောက်အကြီးအကျယ်ရင်ဆိုင်နေရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

အစ္စဘယ်လ်က သူမရဲ့တွစ်တာကတဆင့် "ကျေးဇူးတင်ပါတယ် ဒီဂီယာ၊ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် မက်ဒရစ်အသိုင်းအဝိုင်းကို ကူညီပေးခဲ့မှုက အရမ်းအရေးပါခဲ့ပါတယ်၊ ထာဝရအတွက် ကျေးဇူးတင်ပါတယ်၊ မင်းအတွက်လည်း ဂုဏ်ယူပါတယ်" လို့ ရေးသားဖော်ပြသွားခဲ့ပြီး အလှူရှင်က ဒီဂီယာဖြစ်တယ်လို့ ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ 

စပိန်ကတော့ တစ်ရက်အတွင်းမှာပဲ သေဆုံးသူပေါင်း ၇၃၈ ဦးအထိ ရှိခဲ့ပြီးတော့ ဒါဟာ စံချိန်တင်သေဆုံးမှုလည်းဖြစ်လာခဲ့ပါတယ်။ အီတလီမှာ တစ်ရက်အတွင်းသေဆုံးမှုနှုန်းအများဆုံးကတော့ ၆၈၃ ဥိးဖြစ်ပြီး စပိန်က ကျော်တက်သွားခဲ့တာလည်းဖြစ်ကာ ဥရောပမှာ ကူးစက်ခံရမှုနှုန်းကလည်း အီတလီနဲ့အပြိုင်ဖြစ်လာခဲ့ပါတယ်။ 

လက်ရှိမှာ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီး၊ ပီအက်စ်ဂျီ၊ ဂွာဒီယိုလာ၊ မက်ဆီ၊ ရော်နယ်ဒိုတို့လို နာမည်ကျော်ကလပ်တွေနဲ့ ကစားသမားတွေက ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် လှူဒါန်းမှုတွေကို ပြုလုပ်နေခဲ့ကြပြီး လိုအပ်တဲ့ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့အတွက်လည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က