ကမ္ဘာ့အမျိုးသမီး ထိပ်တန်းလိဂ် ၇ ခုမှာ ကစားနေတဲ့ ကစားသမားတွေနဲ့ နှိုင်းယှဉ်ထားတာပါ။
Kyaw Ko Ko Sint

မက်ဆီရဲ့ တစ်နှစ်ဝင်ငွေက လစာနဲ့ဆုကြေးအပါအဝင် အမေရိကန်ဒေါ်လာ ၈၄ သန်းရှိနေတာလည်း ဖြစ်ပါတယ်။

United Nations(UN)ရဲ့ စစ်တမ်း ကောက်ယူ ဖော်ပြချက်အရ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီရဲ့ တစ်နှစ်ဝင်ငွေဟာ ကမ္ဘာ့ထိပ်တန်းလိဂ် ၇ခုမှာ ကစားနေတဲ့ ပရော်ဖက်ရှင်နယ် အမျိုးသမီး ဘောလုံးသမား ၂ ထောင်နီးပါးရဲ့တစ်နှစ်ဝင်ငွေထက် အဆများစွာ ပိုမို များပြားနေတယ်လို့သိရပါတယ်။



မက်ဆီရဲ့ တစ်နှစ်ဝင်ငွေက လစာနဲ့ အပိုဆုကြေးငွေတွေအပါအဝင် အမေရိကန်ဒေါ်လာ ၈၄ သန်းရှိနေပြီး ကမ္ဘာ့ထိပ်တန်းလိဂ် ၇ ခုမှာ ကစားနေတဲ့ ပရော်ဖက်ရှင်နယ် အမျိုးသမီး ဘောလုံးသမား ၁၆၉၃ ဦးရဲ့ တစ်နှစ် ဝင်ငွေကတော့ လစာနဲ့အပိုဆုကြေးအပါအဝင်မှ အမေရိကန်ဒေါ်လာ ၄၂.၆ သန်းသာရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်းလက်ရှိမှာတော့ အမျိုးသမီးဘောလုံးလောကကို စိတ်ဝင်စားသူ တစ်နှစ်ထက် တစ်နှစ် မြင့်တက်လျက်ရှိလာနေတယ်လို့လည်း သိရပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ကြည့်ရှုသူ ပရိသတ် ဦးရေ ယခင်နှစ်တွေ ထက် သိသိသာသာ များပြားလာတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က