ဇွန် ၂၈ မနက်မှာ စတင်ကစားပါမယ်။

အိမ်ရှင်ပြင်သစ်က နာမည်ကြီး ဘရာဇီးကို အနိုင်ယူပြီး ကွာတားတက်လာတာ ဖြစ်သလို လက်ရှိချန်ပီယံ အမေရိကန်ကလည်းစပိန်ကို အနိုင်ယူပြီး တက်ရောက်လာတာ ဖြစ်ပါတယ်။

ကျင်းပလျက်ရှိတဲ့ ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ဒီအချိန်မှာတော့ လက်ရှိ ချန်ပီယံ အမေရိကန်အသင်းက အိမ်ရှင် ပြင်သစ်နဲ့ တွေ့ဆုံနေတယ်လို့ BBC SPORTရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

၁၆ သင်းအဆင့် ပွဲစဉ်တွေကို ဒီကနေ့ မနက်က နောက်ဆုံး ကစားခဲ့ပြီး နယ်သာလန်အသင်းက ဂျပန်အသင်းကို မိနစ် ၉၀ မှာသွင်းယူတဲ့ အနိုင်ဂိုးနဲ့အတူ ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားတက်ခဲ့ပါတယ်။

အလားတူ အိမ်ရှင် ပြင်သစ်က နာမည်ကြီး ဘရာဇီးကို ၂-၁ ဂိုးနဲ့လည်းကောင်း၊ နော်ဝေက သြစတြေးလျအ သင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့လည်းကောင်း၊အင်္ဂလန်က ကင်မရွန်းကို ၃-၀ နဲ့လည်းကောင်း၊ လက်ရှိ ချန်ပီယံ အမေရိကန်က စပိန်ကို ၂-၁ ဂိုးနဲ့လည်းကောင်း၊အီတလီက တရုတ်ကို ၂-၀ နဲ့ လည်းကောင်း၊ ဂျာမနီက နိုင်ဂျီးရီးယားကို ၃-၀ နဲ့လည်းကောင်း၊ဆွီဒင်က ကနေဒါကို ၁-၀ နဲ့လည်းကောင်း အသီးသီး အနိုင်ယူခဲ့ကြတာပါ။

ကွာတားဖိုင်နယ်အဆင့်မှာတော့ အိမ်ရှင်ပြင်သစ်က လက်ရှိချန်ပီယံ အမေရိကန်နဲ့တွေ့ဆုံချိန် နော်ဝေကအင်္ဂ လန်၊အီတလီကနယ်သာလန်၊ဂျာမနီကဆွီဒင်တို့နဲ့ တွေ့ဆုံနေပါတယ်။

မြန်မာစံတော်ချိန် ဇွန် ၂၈ ရက်နေ့ နံနက် ၁နာရီခွဲမှာ နော်ဝေနဲ့အင်္ဂလန်၊ဇွန် ၂၉ နံနက် ၁နာရီခွဲမှာ အိမ်ရှင် ပြင်သစ်နဲ့အမေရိကန်၊ဇွန် ၂၉ ည၇ နာရီခွဲမှာ အီတလီနဲ့နယ်သာလန်၊ည ၁၁ နာမှာ ဂျာမနီနဲ့ဆွီဒင်တို့ အသီးသီး ဆက်လက်ကစားကြပါမယ်။



က္က