၁၉၉၅ ခုနှစ်ကတည်းက အမျိုးသမီးပွဲတွေကို အမျိုးသမီးဒိုင်တွေကိုသာတာဝန်ယူစေခဲ့တာပါ။
Kyaw Ko Ko Sint

အင်္ဂလန်-ကင်မရွန်းပွဲမှာ တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင် Qin Liang ရဲ့ စွမ်းဆောင်ရည်ကို သာဓကထားပြီး လို အပ်ပါက အမျိုးသားဒိုင်တွေကို တာဝန်ပေးသင့်တယ်လို့ တောင်းဆိုလာတာပါ။

ကျင်းပလျက်ရှိတဲ့ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမျိုးသားဒိင်လူကြီးတွေကို တာဝန်ပေးသင့်တယ်လို့ အင်္ဂလန် လက်ရွေးစင်ဟောင်း ဆူးစမစ်က အကြံပြုခဲ့တယ်လို့ Daily Mail သတင်းဌာနကဖော်ပြလာပါတယ်။



၁၉၉၅ ခုနှစ်က စတင်ပြီး အမျိုးသမီး ပြိုင်ပွဲတိုင်းလိုလိုကို အမျိုးသမီး ဒိုင်လူကြီးတွေက တာဝန်ယူစေဖို့ သတ်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ အင်္ဂလန်နဲ့ ကင်မရွန်းတို့ပွဲစဉ်ကို တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး Qin Liang ရဲ့ စွမ်းဆောင်ရည်ကို သာဓကထားပြီး အမျိုးသမီး ကွင်းလယ်ဒိုင်တွေရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်လာခဲ့ကြပါတယ်။

လက်ရှိ အမျိုးသား ဒိုင်တွေ တာဝန်ယူသင့်တယ်လို့ အကြံပြုလာတဲ့ ဆူးစမစ်ကတော့ အင်္ဂလန် လက်ရွေးစင်အ သင်းအတွက် ၉၃ ပွဲ ကစားပေးခဲ့သူပါ။

“ အမျိုးသားဖြစ်ဖြစ် အမျိုးသမီး ဖြစ်ဖြစ် အရေးမကြီးပါဘူး၊ ပွဲကြီးကြပ်ဖို့ လုံလောက်တဲ့ အရည်အချင်း ပြည့်ဝနေဖို့ပဲ လိုတာပါ။ပေါင်းစပ်မှုကတော့ ကောင်းမွန်ပါတယ်၊ အချို့ အမျိုးသားဒိုင်တွေဆိုရင် ဖိအားများတဲ့ပွဲ တွေ၊ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးတွေမှာ တာဝန်ယူနေသလို VAR စနစ်ကိုလည်းကောင်းစွာ နားလည် တတ်ကျွမ်းသူတွေပါ။ သူတို့တွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းနားလည်ပါတယ်၊ဒါကသာလျှင် အဆင်ပြေတယ်လို့ ခေါ်ပါတယ်။” လို့ စမစ်က အကြံပြုခဲ့တာပါ။

ယခုကျင်းပနေတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားမှာ အမျိုးသမီး ဒိုင်တွေရဲ့ စွမ်းရည် မြင့်မားကောင်းမွန်မှု မရှိဘူးဆိုရင် တော့အမျိုးသား ဒိုင်တွေနဲ့ လဲလှယ်သင့်ရင် လဲလှယ်ရပါမယ်လို့လည်း စမစ်က ဆက်လက် ပြောခဲ့ပါသေးတယ်။

“ အမျိုးသမီးတွေကိုတိုးတက်စေချင်ပါတယ်၊ ဒါပေမယ့် အခုချိန်မှာ အဆင်သင့် မဖြစ်သေးဘူးဆိုရင်တော့ အမျိုးသားတွေကို အသုံးပြုသင့်ပါသေးတယ်။ဒါက ပြိုင်ပွဲပုံရိပ်အတွက်လည်း များစွာ အကျိုးရှိစေပါတယ်။ အင်္ဂလန်နဲ့ကင်မရွန်းပွဲက ဒိုင်ဆိုရင် ဘယ်လိုမှအဆင့်မမီသေးတာတွေ့ရပါတယ်။သူတို့ တိုးတက်လာပါလိမ့်မယ်၊ ဒါပေမယ့် ဒီနေ့တော့မဟုတ်သေးပါဘူး။” လို့ စမစ်က ဆက်လက်ပြောခဲ့တာပါ။

အမျိုးသမီးကမ္ဘာ့ဖလားပွဲကတော့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး အင်္ဂလန်အသင်းကတော့ ဗိုလ်စွဲနိုင်ချေ ၇/၁ အချိုး ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က