loading...

loading...

loading...

အေဂျက် ၁-၁ ဂျူဗင်တပ် ပွဲမတိုင်မီမှာ ဖြစ်ပွားခဲ့တာပါ။
Kyaw Ko Ko Sint

ဧည့်သည် အီတလီ ပရိသတ်အများစု ပါဝင်နေပြီး ဖြစ်စဉ်ဖြစ်ပွားစေတဲ့ ကနဦး အစကို စုံစမ်းစစ်ဆေးမှု တွေပြုလုပ်သွားမယ်လို့ ဒတ်ချ်ရဲဌာနက ဖော်ပြလာပါတယ်။

အေဂျက် ၁-၁ ဂျူဗင်တပ်အသင်းရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲမကစားမီ နှစ်ဖက် ပရိသတ် ၁၄၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ BBC SPROT သတင်းဌာနကဖော်ပြလာပါတယ်။

ရဲဌာနရဲ့ ထုတ်ပြန်ချက်မှာ - “ ဂျိုဟန်ခရိုက် အရီနာ ကွင်းကြီးအနားမှာ နှစ်ဖက် ပရိသတ် ဆိုးသွမ်းမှုကြောင့် ဒတ်ချ်ရဲတွေအနေနဲ့ မီးသတ်ပိုက်အသုံးပြုပြီး ဖြိုခွင်းခဲ့ရပါတယ်။” လို့ ပါရှိပါတယ်။

အချို့ ပရိသတ်တွေကိုတော့ ကွင်းအတွင်းထဲမှာပဲ ခေတ္တ ထိန်းသိမ်းထားရပြီး အခြားသော ဆိုးသွမ်းပရိသတ် တွေကိုတော့ ဖမ်းဆီးသွားရတဲ့အထိ ရုပ်ဆိုးအကျည်းတန်ခဲ့တယ်လို့သိရပါတယ်။

အခုလို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပရိသတ်တွေထဲမှာ ဧည့်သည် အီတလီ ပရိသတ်တွေအများဆုံး ပါဝင်နေ တယ်လို့လည်း ဒတ်ချ် ရဲဌာနက ဆက်လက်သတင်းထုတ်ပြန်ပါတယ်။

အီတလီ ပရိသတ်တွေအနေနဲ့ ထိခိုက်စေနိုင်မယ့် အရာဝတ္ထုတွေ ဖြစ်တဲ့ တူတွေ၊တုတ်တွေအပါအဝင်၊ ဝက်အူလက်၊ဓားတွေကိုပါ ကိုင်ဆောင်ထား ခဲ့ကြတာ ဖြစ်ပြီး စုစုပေါင်း ၆၁ ဦးအထိ ထိန်းသိမ်ခဲ့ရကာ ကနဦး အယောက် ၄၀ ကိုတော့ ကွင်းအထဲက မီထရို ဘူတာထဲမှာ ထိန်းသိမ်းထားရတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်ကို စတင် ဖြစ်ပွားစေတဲ့ ပရိသတ်တွေကို စတင် စုံစမ်းနေပြီလို့လည်း ဒတ်ချ် ရဲဌာနက ဆက်လက် သတင်းထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က