ယခုနှစ်မှာ ကိုဗစ်ကြောင့် ဥရောပပွဲတွေကို တစ်ကျော့သာ ကစားစေခဲ့တာပါ။
Kyaw Ko Ko Sint

တစ်ကျော့တည်းဖြစ်လို့ အသင်းတွေအနေနဲ့ အနိုင်ရဖို့ မဖြစ်မနေ ဂိုးသွင်းယူဖို့ လိုအပ်လာပြီး လက်ရှိ နှစ်ကျော့စနစ်မှာ နောက်တစ်ပွဲအခွင့်အရေးရှိနေသေးတာကြောင့် ထိန်းကစားလို့ရနေတယ်လို့ စီဖရင်က နှိုင်းယှဥ်ပြောလာပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်အောက်မှာ ကစားနေတဲ့ ရှုံးထွက်အဆင့်ပွဲတွေကို အနာဂတ်မှာ တစ်ကျော့စနစ်နဲ့ သာ ကျင်းပနိုင်ရေး ယူအီးအက်ဖ်အေအနေနဲ့ သေချာပေါက် စဥ်းစားဆွေးနွေးတိုင်ပင်သွားမယ်လို့ ဥက္ကဌ စီဖ ရင်က ပြောလာပါတယ်။

“ဒီကိစ္စကို သေချာပေါက် ဆွေးနွေးပါမယ်။အခုဆိုရင် ပြိုင်ပွဲအပြီးမှာ ကျွန်တော်တို့အားလုံး အသစ်တစ်ခုကို ရလိုက်ကြပါတယ်။ဒါကြောင့် လာမယ့် အနာဂတ်ပြိုင်ပွဲတွေမှာ တစ်ကျော့စနစ်ကိစ္စကို သေချာပေါက် စဥ်းစား သွားဖို့ ရှိပါတယ်။”လို့ စီဖရင်က ပြောခဲ့တာပါ။

ယခုနှစ်မှာတော့ ကိုဗစ်ရောဂါကြောင့် ဥရောပအဆင့် ရှုံးထွက်ပြိုင်ပွဲတွေဖြစ်တဲ့ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေကို တစ်ကျော့စနစ်နဲ့သာ ကြားကွင်းအသုံးပြုပြီး ယှဥ်ပြိုင်ကစားစေခဲ့တာပါ။

ယူအီးအက်ဖ်အေ ဥက္ကဌ စီဖရင်ကတော့ ပြိုင်ပွဲတွေမှာ အသင်းတွေအနေနဲ့ မဖြစ်မနေ ဂိုးသွင်းဖို့လိုတယ်ဆို တာနဲ့ ဒုတိယအကျော့မရှိတဲ့အတွက်လည်း မဖြစ်မနေ အနိုင်ရဖို့ ဂိုးသွင်းယူနိုင်ရေး ကြိုးပမ်းလာကြမယ်လို့ ယုံကြည်ထားပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိုး တစ်ကျော့စနစ်အစီအစဥ်ကိုလာမယ့်နှစ်မှာ ချက်ခြင်းပြောင်းလဲ ကျင်းပအုံးမှာ မဟုတ်ပဲ လက်ရှိ ရေးဆွဲထားတဲ့ ပြိုင်ပွဲ၂၀၂၄-၂၅ဘောလုံးရာသီအထိ ကျင့်သုံးသွားအုံးမှာလို့လည်း သိရပါ တယ်။


Author


က္က