ယူနိုက်တက်၊ ရီးရဲလ်တို့ကိုပါ သတင်းစကားပါးလိုက်တာပါ။
Pyae Phyo Thein

နော်ဝေလူငယ်တိုက်စစ်မှူးဟာ ဒေါ့မွန်ကိုပြောင်းရွှေ့ပြီးနောက် အထင်ကြီးဖွယ်ရာ ဂိုးသွင်းစွမ်းရည်ကို ပြသနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 


ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါရာသီမှာ ဒေါ့မွန်ကို ရာသီဝက်မှရောက်ရှိခဲ့ပေမယ့် ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာလန်းက အသင်းကို သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကတိပေးစကားဆိုသွားခဲ့ပါတယ်။ နော်ဝေလူငယ်တိုက်စစ်မှူးဟာ ဒေါ့မွန်ကိုပြောင်းရွှေ့ပြီးနောက် အထင်ကြီးဖွယ်ရာ ဂိုးသွင်းစွမ်းရည်ကို ပြသနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 

ဆဲလ်ဘတ်အသင်းမှာ ဟာလန်းကစားနေစဉ်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းကလည်း သူ့ကိုစိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် ဒေါ့မွန်က လက်ဦးမှုရယူခဲ့ပြီး အရခေါ်ယူနိုင်ခဲ့ကာ ဟာလန်းကလည်း ပြိုင်ပွဲစုံ ၁၈ ပွဲကစားပေးပြီး ၁၆ ဂိုးအထိသွင်းယူပေးခဲ့ပြိး အသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် ရပ်တည်နေခဲ့ပြီဖြစ်ပါတယ်။ 

ဂျာမနီသတင်းစာ Bild နဲ့ တွေ့ဆုံရာမှာ "၂၀၂၄ ခုနှစ်အထိရှိတဲ့ နှစ်ရှည်စာချုပ်ရှိနေပါတယ်၊ ကျွန်တော့်ရဲ့ အကြီးမားဆုံးရည်ရွယ်ချက်ကတော့ ဒေါ့မွန်နဲ့အတူ အမှတ်ပေးဖလားရယူဖို့၊ ကျွန်တော်တို့ပရိသတ်တွေနဲ့အတူ အောင်မြင်မှုအတွက် အတူတူအောင်ပွဲခံသွားဖို့ပါ၊ ချန်ပိယံဖြစ်လာဖို့ အရည်အသွေး ကျွန်တော်တို့မှာရှိပါတယ်"

"ဒါပေမယ့် တစ်ဦးတစ်ယောက်တည်းနဲ့ မလုံလောက်ပါဘူး၊ ဘိုင်ယန်မြူးနစ်က မယုံကြည်နိုင်လောက်စရာတည်ငြိမ်မှုနဲ့အတူ အမှတ်ပေးဖလားဆွတ်ခူးခဲ့တာပါ၊ ဆုဖလားရယူချင်တယ်ဆိုရင် သူတို့လို တည်ငြိမ်မှုမျိုးရှိဖို့ လိုအပ်ပါတယ်" လို့ ဟာလန်းက ပြောဆိုခဲ့ပါတယ်။ ဒါဟာ သူ့ကိုစောင့်ကြည့်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်တို့ကို ဟာလန်းက သူ ဒေါ့မွန်မှာပဲ ဆက်ရှိနေမယ်လို့ သတင်းစကားပါးလိုက်တာလည်းဖြစ်ပါတယ်။ 


Author


က္က