၂၀၁၈ ကတည်းက နားသွားတာပါ။

ဗာဒီက ၂၀၁၈ ကတည်းက နိုင်ငံအသင်းကနေ အနားယူသွားခဲ့ပေမယ့် နည်းပြ ဆောာက်ဂိတ်ကတော့ ဗာဒီကို လက်ရွေးစင်အသင်းကိုပြန်ခေါ်ဖို့ ဆန္ဒရှိနေတာပါ။

အင်္ဂလန်လူစာရင်းမှာ ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဗာဒီ ကိုပြန်ခေါ်ဖို့နဲ့ ပတ်သက်ပြီး နည်းပြ ဆောက်ဂိတ်ကပြန်လည်ဖြေရှင်းထားပါတယ်။



“ဗာဒီကိုအင်္ဂလန်အသင်းလူစာရင်းအတွက် အမြဲတမ်း ထည့်တွေးထားပါတယ်။သူ့ကို ခေါ်ရမယ့်အချိန်ကိုလည်း တွေးထားပြီးသားပါ၊ဒါပေမယ့် ဒီနေ့ ဒီအချိန်ကတော့သူ့အတွက် အချိန်အခါကောင်းမဟုတ်သေးပါဘူး” လို့ ဆောက်ဂိတ်က ပြောလာတဲ့အကြောင်း BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။

ဗာဒီက လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ဂိုးသွင်းရှင်အဖြစ် သွင်းဂိုးစုစုပေါင်း ၁၀ ဂိုးနဲ့ ထိပ်ဆုံးမှာဦးဆောင် နေပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၁၈ ဩဂုတ်လကုန်ပိုင်းကတည်းက နိုင်ငံလက်ရွေးစင် ကစားသမားဘဝကနေ အနားယူထားသူလည်း ဖြစ်ပါတယ်။



“ကျွန်တော် သူ့အတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ်၊သူနဲ့လည်း စကားပြောဆိုနေမှုတွေ ရှိပါတယ်။ဒါပေမယ့် အခုကစားနေတဲ့ ခြေစစ်ပွဲအဆင့်မှာတော့ လူငယ်တွေကို ပိုနေရာပေးချင်ပါသေးတယ်။ အတွေ့အကြုံရင့် ကစား သမားတစ်ဦးကို ပြန်ခေါ်ရတော့မယ်ဆိုရင် ဘယ်သူက သင့်တော်လည်းဆိုတာ အဖြေရှိပြီးသားပါ။"လို့လည်း ‌ေဆာက်ဂိတ်က ဆက်လက်ပြောပါသေးတယ်။

လက်ရှိမှာတော့ အင်္ဂလန်အသင်းက ၂၀၂၀ ယူရိုခြေစစ်ပွဲအဖြစ် မွန်တီနီဂရိုး၊ကိုဆိုဗိုအသင်းတို့နဲ့ ကစားဖို့ရှိနေပြီး အပြီးသတ်ကစားသမား ၂၇ ယောက်စာရင်း ထုတ်ပြန်ထားပါတယ်။

တိုက်စစ်နေရာမှာတော့ ဦးစားပေးအဖြစ် စပါးတိုက်စစ်မှူး ကိန်းရှိနေပြီး သူနဲ့အတူ ယူနိုက်တက်က မားကပ်စ်ရက်ရှ် ဖို့ဒ်၊အေဘရာဟင်တို့လည်း ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က