loading...

loading...

loading...

အယ်ကလက်စီကိုပွဲကိုပါ။
Kyaw Ko Ko Sint

ရီးရဲအသင်းအတွက်ဗင်နီရှပ်စ်ဂိုးသွင်းယူအပြီးမှာ ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်မျိုးနဲ့ အောင်ပွဲခံခဲ့မှုက ရော်နယ်ဒိုကို ပိုမိုပျော်ရွှင်စေခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ အယ်ကလက်စီကို ဒါဘီပွဲကို ရီးရဲကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်ဒို လာရောက် အားပေးကြည့်ရှုခဲ့ပါတယ်။

ဒီလိုမျိုး ဘာနေဗျူးကို ပြန်လည် လာရောက်ကြည့်ရှုအားပေးမှုကတော့ ဂျူဗင်တပ်ကို ထွက်ခွာသွားပြီးနောက် ရော်နယ်ဒိုအတွက် ပထမဆုံး ဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ တနင်္ဂနွေနေ့မတိုင်ခင်အထိ စပိန်ကို ရောက်ရှိလာခြင်းမရှိသေးပဲ ရုတ်တရက် ဘာနေဗျူးကို ထွက်လာတာလို့ သိရပါတယ်။

ရော်နယ်ဒို လာရောက်အားပေးမှုနဲ့အတူ ရီးရဲမက်ဒရစ်အသင်းက ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် တစ်မှတ်အသာနဲ့ ထိပ်ဆုံးမှာ ပြန်လည်ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဗင်းနီရှပ်စ် ဂျူနီယာက ရီးရဲအတွက် အဖွင့်ဂိုးသွင်းလိုက်ချိန်မှာတော့ ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်မျိုးနဲ့ ‌အောင်ပွဲခံခဲ့ တာကလည်း ‌ရော်နယ်ဒိုကို ပျော်ရွှင်စေခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းကတော့ အင်တာမီလန်နဲ့ ကစားဖို့ရှိခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကြောင့် ပွဲကို ရက်ရွှေ့ထားရပါတယ်။

ဘာစီလိုနာအသင်းကတော့ ဘာနေဗျူးကို လာကစားတဲ့ နောက်ဆုံး ၄ ကြိမ်ဆက်တိုက် အနိုင်ရထားပေမယ့် အခုတစ်ကြိမ်မှာတော့ အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာပါ။


loading...

က္က