ဆာနေးလ်ကိုယ်တိုင်က ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လိုနေခဲ့တာပါ။
Win Kyaw Min

ဂျာမနီလက်ရွေးစင်တောင်ပံကစားသမားအနေနဲ့ လက်ရွေးစင်အသင်းမှာ အမြဲပါဝင်ခွင့်ရဖို့အတွက် ဘွန်ဒက်စ် လီဂါကိုပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသူလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးအနေနဲ့ မန်စီးတီးတောင်ပံကစားသမား ဆာနေးလ်ကို ဂျာမနီသို့ပြန် ပြောင်းလာဖို့ အကြံပြုပြောဆိုခဲ့ပြီး အောင်မြင်မှုတွေပိုရဖို့အတွက် အသင်းပြောင်းသင့်ပြီဖြစ်ကြောင်း တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလကတည်းက မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ပြင်ဆင်ခဲ့တဲ့ ဆာနေးလ်အနေနဲ့ ကစားသမားဘဝစတင်ခဲ့ရာ ဘွန်ဒက်စ်လီဂါ သို့ပြန်လည်ပြောင်းရွှေ့လိုနေခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ အကြိ မ်ကြိမ်ကမ်းလှမ်းခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။



“ ဆာနေးလ်က ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမယ့်သူပါ။ အထူးသဖြင့် သူရဲ့ကစားပုံက ဂျာမနီကစားပုံနဲ့ ပိုပြီးလိုက်ဖက်သူပါ။ ဒ့ါကြောင့်လည်း ရှော်လ်ကေးအသင်းမှာ ပိုပြီးထင်ပေါ်ခဲ့တာလို့ထင်ပါတယ်။ သေချာတာတ စ်ခုကတော့ ကစားသမားဘဝပိုပြီးအောင်မြင်ဖို့အတွက် ဘိုင်ယန်မြုးနစ်ကို ပြောင်းရွှေ့လာသင့်ပါတယ် ” လို့ လီ ဝန်ဒေါစကီးက အကြံပြုပြောဆိုလို်က်တာပါ။

Telegaph ရဲ့ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ရာသီကုန်မှာ ထပ်မံကမ်းလှမ်းဖို့ရှိနေခဲ့ပြီးပြောင်း ရွှေ့ကြေးအဖြစ် ပေါင်သန်း ၅ဝအသုံးပြုဖို့ရှိနေခဲ့ပြီး မန်စီးတီးအသင်းနဲ့အကြား ညှိနှိုင်းဆွေးနွေးမှုများစွာပြုလုပ်ဖို့ ရှိနေတယ်လို့လည်း အခို်င်အမာဖော်ပြထားပြန်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ရီဘာရီ၊ ရော်ဘင်တို့ ထွက်ခွာသွားခဲ့ပြီးတဲ့နောက် ရေတိုစီမံကိန်းအဖြစ် အင်တာ မီလန်တောင်ပံကစားသမားပါရီဆစ်၊ ဘာစီလိုနာတောင်ပံကစားသမားကော့တင်ဟိုတို့ကိုအငှားခေါ်ယူထားရပြီး အနာဂတ်ကစားသမားတွေအဖြစ် ဆာနေးလ်နဲ့ ချဲလ်ဆီးလူငယ်တောင်ပံကစားသမားဟက်ဆန်အော့ဒွိုင်းစ်တို့ ကို ခေါ်ယူဖို့ အဓိကပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။


Author

  • Win Kyaw Min

က္က