နည်းပြအယ်လီဂရီ ချမှတ်ထားတဲ့ စည်းကမ်းကြောင့်ဖြစ်ပါတယ်။
Pyae Phyo Thein

ဂျူဗီအသင်းနည်းပြဟောင်းအယ်လီဂရီက အသင်းကစားသမားတွေအနေနဲ့ အနီကတ်ပြသခံခဲ့ရပါက တစ်သင်းလုံးအတွက် လက်ဆောင်ဝယ်ပေးပြီး ပြန်လည်တောင်းပန်မှုပြုလုပ်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။


၂၀၁၈ ခုနှစ်က ကစားခဲ့တဲ့ ဗလန်စီယာနဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရပြီးနောက် ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းဖော်တွေအတွက် iMac ကွန်ပျူတာတွေကို ဝယ်ပေးခဲ့ရတယ်လို့ အသင်းဖော်ဂိုးသမားဆက်ဇနီက ပြောဆိုလိုက်ပါတယ်။ နာမည်ကျော်ကစားသမားအနေနဲ့ အနီကတ်ထိခဲ့တာကြောင့် ငွေကုန်ကြေးကျများခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဂျူဗီအသင်းနည်းပြဟောင်းအယ်လီဂရီက အသင်းကစားသမားတွေအနေနဲ့ အနီကတ်ပြသခံခဲ့ရပါက တစ်သင်းလုံးအတွက် လက်ဆောင်ဝယ်ပေးပြီး ပြန်လည်တောင်းပန်မှုပြုလုပ်ရမယ်လို့ စည်းကမ်းသတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုက ၂ လကြာမြင့်ပြီးမှ ဝယ်ယူပေးခဲ့တာလို့လည်း ဆက်ဇနီက ဖွင့်ဟသွားခဲ့ပါတယ်။ 

အဆိုပါပွဲမှာ အနီကတ်ပြသခံခဲ့ရလို့လည်း ရော်နယ်ဒိုဟာ မျက်ရည်ကျခဲ့တဲ့အထိဖြစ်ခဲ့ရပြီး ဗလန်စီယာနောက်ခံလူမူရီလိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့မှုမှာ အနီကတ်ပြသခံရဖို့ မထိုက်တန်ဘူးလို့ ယူဆခဲ့ပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်လူကြီးက အနီကတ်ပြသခဲ့ပြီးနောက်မှာ ရော်နယ်ဒိုက စည်းကမ်းအတိုင်း လက်ဆောင်တွေဝယ်ပေးခဲ့ရတာဖြစ်ပါတယ်။ 

"မှန်ပါတယ်၊ ကျွန်တော်တို့တွေ iMac တစ်လုံးစီရရှိခဲ့ပါတယ်၊ ဒါပေမယ့် အဲဒါရဖို့ အချိန်အရမ်းကြာခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီဖြစ်စဉ်မှာ သူအနီကတ်မပြသခံခဲ့ရသင့်ဘူးလို့ ရော်နယ်ဒိုက ယူဆခဲ့ပြီး သူ ဘယ်လိုအမှားမှမလုပ်ခဲ့ဘူးလို့ ယုံကြည်ခဲ့လို့ပါ၊ ၂လလောက်ကြာအောင် အငြင်းပွားခဲ့ပြီးမှ ကျွန်တော်တို့ ရရှိခဲ့ကြတာပါ" လို့ ဆက်ဇနီက ပြောဆိုသွားခဲ့ပါတယ်။ 

၂၀၁၈ ခုနှစ်အတွင်းမှာတော့ ၂၁.၅ လက်မရှိတဲ့ 4K Display iMac တစ်လုံးဟာ ဒေါ်လာ ၁၃၀၀ တန်ဖိုးရှိပြီးတော့ ၂၇ လက်မရှိတဲ့ 5K အမျိုးအစားကတော့ ဒေါ်လာ ၁၈၀၀ တန်ဖိုးရှိကြောင်းသိရပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဘယ်လိုအမျိုးအစားကို ဝယ်ယူပေးခဲ့ရလဲဆိုတာ မသိရပေမယ့်လည်း များပြားလှတဲ့ငွေကြေးကိုတော့ သုံးစွဲခဲ့ရမှာပဲဖြစပါတယ်။ 



Author


က္က