ပထမအကျော့မှာ အသင်းအတွက် ခြေစွမ်းပြခဲ့ပြီး (၂)ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ မက်ဆီဟာ အန်ဖီးလ်မှာတော့ အသင်းကိုအကောင်းဆုံးဦးဆောင်နိုင်ခဲ့ခြင်းမရှိပဲ ရုန်းကန်ခဲ့ရပါတယ်။
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လီဗာပူးလ်ကို ဂိုးပြတ်အရေးနိမ့်အပြီး ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးမက်ဆီကို စောင့်ဆိုင်းခြင်းမရှိပဲ အန်ဖီးလ်ကနေ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အသင်းပိုင်ဘတ်စ်ကားနဲ့အတူ မက်ဆီလိုက်ပါသွားခဲ့ခြင်းမရှိပဲ အန်ဖီးလ်မှာ ကျန်နေရစ်ခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
မက်ဆီဟာ အန်ဖီးလ်မှာ ခြေစွမ်းပြနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး ဂိုးပြတ်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရလို့လည်း စိတ်ပျက်စရာဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ရယူဖို့ အားခဲခဲ့သမျှ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။ မက်ဆီကျန်နေရစ်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ပွဲအပြီးမှာ ကစားသမားတွေကို ဆေးစစ်ဆေးမှုပြုလုပ်ဖို့ လိုအပ်နေတာမို့ မက်ဆီက ဆီးစစ်ဆေးမှုခံယူဖို့အတွက် ကျန်ခဲ့တာလို့လည်း သိရပါတယ်။
ဆေးစစ်မှုအချိန်ဟာ ကြာမြင့်မှာဖြစ်တဲ့အတွက်ကြောင့် ဘာစီလိုနာအသင်းက လေဆိပ်ကနေပဲ မက်ဆီကို စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။ မက်ဆီဟာ ပွဲအပြီးမှာလည်း Mixed Zone ကနေ လမ်းလျှောက်လာခဲ့ပြီး ပရိသတ်တွေရဲ့ နှုတ်ဆက်မှုကိုလည်း ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့သလို မီဒီယာတွေရဲ့ မေးမြန်းဖို့ ကြိုးစားမှုကိုလည်း လျစ်လျူရှုခဲ့တယ်လို့ သိရပါတယ်။
ပထမအကျော့မှာ အသင်းအတွက် ခြေစွမ်းပြခဲ့ပြီး (၂)ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ မက်ဆီဟာ အန်ဖီးလ်မှာတော့ အသင်းကိုအကောင်းဆုံးဦးဆောင်နိုင်ခဲ့ခြင်းမရှိပဲ ရုန်းကန်ခဲ့ရပါတယ်။ မက်ဆီရဲ့ အပိုင်ကန်သွင်းချက်တစ်ချက်ကိုလည်း လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်က ကာကွယ်ဟန့်တားနိုင်ခဲ့ကာ မက်ဆီကို ဂိုးမသွင်းနိုင်စေဖို့ စွမ်းဆောင်သွားခဲ့ပါတယ်။
ဘာစီလိုနာအတွက်တော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ လက်တစ်ကမ်းအလိုကို ရောက်ခဲ့ပြီးမှ ထွက်ခွာခဲ့ရလို့ တော်တော်လေးနစ်နာခဲ့ရတဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ဥရောပကို ကြီးစိုးနေမှုတွေ အဆုံးသတ်ပြီး ဘာစီလိုနာက ဥရောပဖလားကို ကိုင်မြှောက်မယ်လို့ မျှော်လင့်ခဲ့ရပေမယ့်လည်း အန်ဖီးလ်မှာတော့ စိတ်ပျက်ဖွယ်ရလဒ်နဲ့သာ ရင်ဆိုင်သွားခဲ့ရပါတယ်။