နောက်ဆုံးကာကွယ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။
Pyae Phyo Thein

ဘရူနိုဖာနန်ဒက်စ်ကတော့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ပယ်နယ်တီ ၂၈ ကြိမ်ကန်သွင်းထားပြီး ၂၆ ကြိမ်အထိ ဂိုးဝင်ထားခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ကို ရောက်ရှိခဲ့ပြီးနောက် အသင်းရရှိတဲ့ ပယ်နယ်တီတွေကို တာဝန်ယူကန်သွင်းရသူဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်အတွက် ပယ်နယ်တီကန်သွင်းခဲ့သမျှကိုလည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး Penalty Taker ကောင်းတစ်ဦးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ နောက်ဆုံးကန်သွင်းခဲ့တဲ့ ပယ်နယ်တီ ၁၇ ကြိမ်စလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ သူ့ရဲ့ပယ်နယ်တီကန်သွင်းမှုကို တားဆီးနိုင်တဲ့ ဂိုးသမားထွက်ပေါ်မလာသေးတာဖြစ်ပါတယ်။ သူ့ရဲ့ ပယ်နယ်တီကန်သွင်းမှုကို နောက်ဆုံးအကြိမ်ကာကွယ်နိုင်ခဲဲ့တဲ့ ဂိုးသမားကတော့ Loures အသင်းဂိုးသမား မီဂွယ်လ်ဆွားစ်ပဲဖြစ်ပါတယ်။


အောက်တိုဘာလ ၂၀၁၈ ခုနှစ်အတွင်းက ကစားခဲ့တဲ့ စပို့တင်း နဲ့ Loures တို့ပွဲမှာ ကာကွယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မီဂွယ်လ်ဆွားစ်က ဖာနန်ဒက်စ်ရဲ့ ပယ်နယ်တီကန်သွင်းမှုကို သူဘယ်လိုတားဆီးခဲ့လဲဆိုတာ Daily Star သတင်းဌာနကို အခုလိုပဲ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ 

"သူက ပယ်နယ်တီကန်သွင်းတော့မယ်ဆိုရင် ဂိုးသမားကိုပဲ ကြည့်လေ့ရှိပါတယ်၊ သူ့ကန်သွင်းချက်ကို ဟန့်တားနိုင်ခဲ့တာက တကယ်ကိုခမ်းနားတဲ့အခိုက်အတန့်ပါပဲ၊ အဲဒီဟာရဲ့ အဓိကလျှို့ဝှက်ချက်က ကျွန်တော့်လှုပ်ရှားမှုကို နည်းနည်းလေးနောက်ကျပြီးမှလုပ်ခဲ့တာပါ၊ သူက ဂိုးသမားကိုကြည့်တယ်၊ ကျွန်တော်ကလည်း သူ့ကိုပြန်ကြည့်နေလိုက်ပါတယ်"

"ဘယ်ဘက်ကို ဒိုင်ဗင်ထိုးမလိုပုံစံနဲ့ ကျွန်တော်ဟန်ဆောင်ခဲ့ပြီး အဲဒီနောက်မှာ ညာဘက်ကို ဒိုင်ဗင်ပစ်ဖမ်းခဲ့ပါတယ်၊ တတ်နိုင်သလောက် သူဆုံးဖြတ်ပြီးမှ ကျွန်တော်လည်း ဆုံးဖြတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်" လို့ ဆွားစ်က ဖွင့်ဟခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကတော့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ပယ်နယ်တီ ၂၈ ကြိမ်ကန်သွင်းထားပြီး ၂၆ ကြိမ်အထိ ဂိုးဝင်ထားခဲ့ပါတယ်။ 


Author


က္က