အန်စလော့တီအနေနဲ့ နာပိုလီကို ပြန်ပြောင်းဖို့ မဖြစ်နိုင်တော့ဘူးလို့ဆိုထားပါတယ်။
Win Kyaw Min

၀ါရင့်နည်းပြအန်စလော့တီအနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

အီတလီစီးရီးအေကလပ်နာပိုလီအသင်းအနေနဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ နည်းပြဟောင်းဖြစ်သူ အန်စလော့တီကို ပြန်လည်ခေါ်ယူလိုနေတယ်လို့ အသင်းဥက္ကဋ္ဌဒီလော်ရန်းတစ်ရဲ့ အရိပ်အမြွတ်မှ တ်ချက်ပြုချက်ကို football.italia က အခိုင်အမာဖော်ပြလာခဲ့ပါတယ်။

၂၀၁၈ခုနှစ်တွင် နာပိုလီနည်းပြရာထူးကို တာဝန်ယူခဲ့တဲ့ အန်စလော့တီအနေနဲ့ အထို်က်အလျောက် အောင်မြင်မှုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က မထင်မှတ်ဘဲရာထူးက ထုတ်ပယ်ခံခဲ့ ရပြီးနောက် လက်ရှိမှာ ပရီးမီးယားလိဂ်ကလပ်အဲဗာတန်အသင်းကို တာဝန်ယူကိုင်တွယ်နေခဲ့တာပါ။



နာပိုလီအသင်းအနေနဲ့ လက်ရှိမှာ အေစီမီလန်နည်းပြဟောင်းဂတ်တူဆိုကို နည်းပြသစ်အဖြစ်ခေါ် ယူခ န့်အပ်ထားခဲ့သော်လည်း ရလဒ်ကောင်းရရှိရန် ရုန်းကန်နေရခြငးနဲ့အတူ အမှတ်ပေးဇယားအဆင့်-၁၃ အထိ ဆင်းပေးခဲ့ရခြင်းကြောင့် အခြေအနေဆိုးတစ်ရပ်ကိုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

အီတလီအားကစားမီဒီယာတစ်ခုဖြစ်တဲ့ LaGazzetta dello Sport ရဲ့ဖော်ပြချက်မှာတော့ နာပိုလီအ သင်းဥက္ကဋ္ဌဒီလော်ရန်းတစ်အနေနဲ့ လက်ရှိအသင်းရဲ့ရလဒ်၊ နည်းပြဂတ်တူဆိုရဲ့အခြေအနေအပေါ် စိ တ်ပျက်နေခဲ့ပြီး နည်းပြအန်စလော့တီကို ပြန်လည်ခေါ်ယူလိုနေတယ်လို့ သတင်းဖော်ပြမှုတွေရှိလာ ခဲ့ ပါတယ်။

နာပိုလီအသင်းအနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်-၂၀ မှာဖီအိုရင်တီးနားကို အရေးနိမ့်ခဲ့ပြီးနောက်ကိုပါအီတာလီယာ ပွဲစဉ်တွင် လာဇီယို၊ စီးရီးအေပွဲစဉ်အဖြစ် ဂျူဗင်တပ်တို့နဲ့ ရင်ဆိုင်ရဖို့ရှိနေတဲ့အတွက် ရလဒ်ကောင်းမရ ရှိခဲ့ပါက နည်းပြဂတ်တူဆိုကို ရာထူးကနေထုတ်ပယ်ခံရနိုင်ချေရှိနေတယ်လို့လည်း သုံးသပ်မှုအချို့ ရှိနေခဲ့ပါတယ်။


Author


က္က