ဂရန်န်ာဒါနဲ့ပွဲမှာ မျက်နှာပြောင်ခဲ့တာပါ။
Pyae Phyo Thein

ဘေးလ်ဟာ လက်တစ်ဖက်ထဲမှာ တိပ်ခွေလိပ်ကို ကိုင်ထားခဲ့ပြီးတော့ တိပ်ခွေလိပ်ကတစ်ဖက်၊ လက်ကိုဆုပ်ကာ မျက်လုံးနားကပ်ကာ မှန်ဘီလူးနဲ့ကြည့်နေဟန်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကတော့ တစ်ပတ်ပြီးတစ်ပတ်မျက်နှာတွေပြောင်ပြီး အချိန်ကုန်ဆုံးနေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ပွဲစဉ်မှာ အရန်ခုံတန်းမှာ နှာခေါင်းစည်းကိုမျက်နှာအုပ်ပြီး အိပ်မောကျနေဟန်နဲ့ နောက်ပြောင်ခဲ့ပြီးနောက် ဂရန်နာဒါနဲ့ပွဲမှာလည်း နောက်ပြောင်မှုတွေ ထပ်လုပ်သွားခဲ့ပါတယ်။

ရီးရဲလ်က အဝေးကွင်းမှာ ၁-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဘေးလ်ဟာ အရန်ကစားသမားအဖြစ်နဲ့သာရှိနေခဲ့ပါတယ်။ ဟာဇက်ရဲ့ထိုင်ခုံအပေါ်ခြမ်းမှာ ထိုင်နေခဲ့တဲ့ ဘေးလ်ဟာ ပွဲကစားချိန်အတွင်းမှာ ကွင်းကို မှန်ပြောင်းနဲ့လိုက်လံကြည့်နေဟန်ပြုလုပ်ခဲ့တာ ဖြစ်ပြီးတော့ ဒါဟာ ဇီဒန်းကို လှောင်ပြောင်ခဲ့တာဖြစ်နိုင်တယ်လို့ diazhub.com က ဖော်ပြခဲ့ပါတယ်။ 

ဘေးလ်ဟာ လက်တစ်ဖက်ထဲမှာ တိပ်ခွေလိပ်ကို ကိုင်ထားခဲ့ပြီးတော့ တိပ်ခွေလိပ်ကတစ်ဖက်၊ လက်ကိုဆုပ်ကာ မျက်လုံးနားကပ်ကာ မှန်ဘီလူးနဲ့ကြည့်နေဟန်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘေးလ်ရဲ့ အပြုအမူအတွက် ပရိသတ်တွေကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပွဲကျနေကြပြီး တစ်ပတ်ကို ပေါင်သုံးသိန်းခွဲယူကာ သာယာတဲ့ဘဝကို ဖြတ်သန်းနေတယ်လို့လည်း နောက်ပြောင်ပြောဆိုနေခဲ့ကြပါတယ်။

ဝေးလ်လက်ရွေးစင်ကစားသမားဟာ ဘာနေဗျူးမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး ပွဲအများစုကို အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဂေါက်ရိုက်ဝါသနာထုံတဲ့ ဘေးလ်အနေနဲ့ ဘာနေဗျူးမှာ တစ်ပတ်လုပ်ခပေါင်သုံးသိန်းခွဲယူပြီး ဂေါက်ရိုက်လိုက်၊ အရန်ခုံမှာထိုင်ပြီးတော့ နောက်ပြောင်လိုက်နဲ့ သာယာအေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်နေတယ်လို့လည်း ပရိသတ်တွေက တွစ်တာပေါ်မှာ ရေးသားနေခဲ့ကြပါတယ်။ 


Author


က္က