Covid-19 ကြောင့် ဘဏ္ဍာရေးထိခိုက်မှုတွေရှိခဲ့လို့ ဖြစ်ပါတယ်။
Pyae Phyo Thein

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ဘဏ္ဍာရေးပိုင်းထိခိုက်မှုတွေ ရှိလာခဲ့အပြီး ကလပ်အသင်းတွေအတွက် ငွေကြေးသုံးစွဲဖို့ အခက်တွေ့လာဖွယ်ရှိနေပါတယ်။


ဂျူဗင်တပ်စ်အသင်းရဲ့အားကစားဒါရိုက်တာပါရာတီစီက ဘောလုံးလောကအနေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ဆောင်ရွက်ရာမှာ NBA ဘတ်စကတ်ဘောပြိုင်ပွဲတွေမှာ ကျင့်သုံးနေတဲ့ စနစ်မျိုးကို အသုံးပြုသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိဘောလုံးလောကအတွင်းမှာ ခေါ်ယူလိုတဲ့ ကစားသမားတွေကို စိတ်ကြိုက်စျေးပေးချေပြီးတော့ ဝယ်ယူရောင်းချနေကြတာဖြစ်ပါတယ်။

 

အသင်းတစ်သင်းနဲ့တစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးညှိနှိုင်းရသလို ကစားသမားအတွက် လုပ်ခလစာ၊ အောင်မြင်မှုအပေါ်မူတည်ပြီး အပိုဆုကြေးပေးချေရမှုတွေလည်း ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပါရာတီစီက အဲဒီလိုပြုလုပ်နေမယ့်အစား အသင်းတစ်သင်းနဲ့ တစ်သင်းကြားမှာ ကစားသမားတိုက်ရိုက်အလဲအထပ်ပြုလုပ်နေတဲ့ NBA ပြိုင်ပွဲတွေလို ပြုလုပ်ဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ဘဏ္ဍာရေးပိုင်းထိခိုက်မှုတွေ ရှိလာခဲ့အပြီး ကလပ်အသင်းတွေအတွက် ငွေကြေးသုံးစွဲဖို့ အခက်တွေ့လာဖွယ်ရှိနေပါတယ်။ ဒီအကျိုးဆက်ကို နားလည်သဘောပေါက်ထားတဲ့ ပါရာတီစီက ကစားသမားအလဲအထပ်ပြုလုပ်ဖို့နည်းလမ်းကို ကျင့်သုံးပြီးတော့ ဖြေရှင်းသင့်တယ်လို့ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

"ဒီလိုမျိုး ပြုလုပ်မယ်ဆိုရင် အလဲအထပ်ပြုလုပ်ရမယ့် အပြောင်းအရွှေ့တွေအများကြီးရှိလာပါလိမ့်မယ်၊ လက်ရှိအခြေအနေတွေက ဘောုံးလောကတစ်ခုလုံးကို NBA နဲ့ အလားသဏ္ဍာန်တူညီလုနီးပါးဖြစ်လာစေဖို့ သယ်ဆောင်နေပါတယ်" လို့ ပါရာတီစီက TuttoSport နဲ့ တွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

ပါရာတီစီကတော့ ဂျူဗင်တပ်စ်အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေကို အဓိကကိုင်တွယ်နေခဲ့သူဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းက အရည်အသွေးမြင့်ကစားသမားတွေကို ငွေကြေးတစ်ပြားတစ်ချပ်မှပေးစရာမလိုဘဲ ခေါ်ယူတဲ့နေရာမှာ ဂျူဗင်တပ်စ်က ဖျံကျလွန်းတယ်လို့ နာမည်ကြီးခဲ့တဲ့နောက်ကွယ်မှာ ပါရာတီစီက ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ပီယာလို၊ ပေါ့ဂ်ဘာ၊ ရမ်ဆေး၊ ရာဘီယော့၊ အမ်မရီချန်တို့ နာမည်ကျော်ကစားသမားတွေကို ဂျူဗီက အလွတ်ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က