လင်ဒီလော့ဖ်က ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားပေးလို့ အချိန်မီ ဖမ်းဆီးနိုင်ခဲ့တာပါ။
Kyaw Ko Ko Sint

အချိန်မီ သတင်းပေးမှုကြောင့် လုယက်သူတွေကို ဖမ်းမိခဲ့ပြီး အခြားသော မူးယစ်ဆေးဝါးမှုတွေနဲ့လည်း ဆက်စပ်နေသူတွေလို့ သိရှိခဲ့ရပါတယ်။

အမျိုးသမီးတစ်ဦးဆီက ခါးပိုက်နှိုက်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ သူခိုးတွေကို ဖမ်းမိအောင် အချိန်မီ ရဲစခန်း ကို ဖုန်းဆက် အကြောင်းကြားပေးတဲ့ လင်ဒီလော့ဖ်ကို ဆွီဒင်ရဲတပ်ဖွဲ့က ကျေးဇူးတင်ကြောင်း ဆိုခဲ့တယ် လို့ Sky Sportsက ဖော်ပြလာပါတယ်။

တနင်္လာနေ့ မနက်ပိုင်းက လင်ဒီလော့ဖ်ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဗက်တီရက်စ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူတစ်ဦး က ဖုန်းဆက်အကြောင်းကြားတဲ့အတွက် အခုလို လုယက်မှုကို အချိန်မီဖမ်းဆီးနိုင်ခဲ့ပြီး အမျိုးသမီးကြီးရဲ့ ပိုက် ဆံအိတ်ကို ပြန်ပေးနိုင်တာလို့ ရဲတပ်ဖွဲ့ကထုတ်ပြန်လာခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုမှာ မည်သူမည်ဝါမပါရှိပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းကတော့ အဆိုပါ မှု ခင်းကို အကြောင်းကြားခဲ့သူမှာ လင်ဒီလော့ဖ်ဖြစ်ကြောင်း အတည်ပြုပေးခဲ့တာပါ။

ရဲတပ်ဖွဲ့ကတော့ သတင်းအမြန်ဆုံးအကြောင်းကြားပေးခဲ့သူကို တွေ့ဆုံ ကျေးဇူးတင်ချင်ပြီး အမျိုးသမီးကြီးက လည်း လင်ဒီလော့ဖ်ကို နေ့လည်စာ ဝယ်ကျွေးချင်တယ်လို့ ဆိုခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အခြားသော အမှုတွေလည်း ရှိထားပြီး အသေးစားမူးယစ်ဆေးဝါးပြဿနာတွေလည်း ရှိ နေတယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လင်ဒီလော့ဖ်ကတော့ ယူနိုက်တက်အသင်းအတွက် မနှစ်က ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၃၅ပွဲ ပါဝင်ကစားပေးနိုင်ခဲ့ကာ အဆင့်၃နဲ့ ရာသီသိမ်းအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က