ယူအီးအက်ဖ်အေအနေနဲ့ အခက်အခဲအချို့ရင်ဆိုင်နေရတာပါ။

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ထိပ်တန်းအမှတ်ပေးလိဂ်များရွှေ့ဆိုင်းနေစဉ်အတွင်း ဆုံးဖြတ်ချက်ပိုင်းကြန့် ကြာမှုများရှိနေခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်အပေါ် ဝေဖန်မှုအချို့လည်း ရှိနေခဲ့ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဆုံးဖြတ်ချက်အချို့နှောင့် နှေးကြန့်ကြာနေမှုများကြောင့် ဝေဖန်မှုများရှိနေခဲ့ပြီး ပြောင်းလဲခြင်းမရှိသေးသော ပြိုင်ပွဲလိုဂိုအပေါ်တွင်လည်းပ ရိသတ်အချို့ရဲ့လှောင်ပြောင်မှုကို ရင်ဆိုင်နေရတယ်လို့ thesun သတင်းစာကဖော်ပြလာပါတယ်။



ပရိသတ်များအနေနဲ့ ရွှေ့ဆိုင်းခဲ့ပြီဖြစ်တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲလိုဂိုသင်္ကေတကို ပြောင်းလဲပေးဖို့အလိုရှိနေကြတာ ဖြစ်ပြီး လက်ရှိအတိုင်းထားရှိထားခြင်းက အဖွဲ့အစည်းရဲ့ လုပ်ရည်ကိုင်ရည်စွမ်းဆောင်မရှိတဲ့အပြုအမူဖြစ်တယ် လို့ ယူဆနေကြတာလည်းဖြစ်ပါတယ်။



“ ယူရိုပြိုင်ပွဲကို ၂၀၂၁အထိ ရွှေ့ဆိုင်းပြီး ဘာထပ်လုပ်မှာလဲ ”၊ “ ၂၀၂၁မှာကျင်းပမယ့် ပြိုင်ပွဲအတွက်လည်း ဒီအ မှတ်တံဆိပ်လိုဂိုပဲ သုံးမှာလား ”၊ “ ၂၀၂၁မှာ ယှဉ်ပြိုင်ကြမယ့် ယူရို ၂၀၂၀ ”၊ “ဖီဖာ၂၀၂၂ဗီဒီယိုဂိမ်းကစားနေတဲ့ အချိန်ယူရို ၂၀၂၀ ပြိုင်ပွဲအကြောင်းပြောရမှာလား” အစသဖြင့် ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။

လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်တွေပေါ်မှာ ယူအီးအက်ဖ်အေကို ချိတုံချတုံနဲ့အပျင်း ရိဆုံးအဖွဲ့အစည်းအဖြစ် ဝေဖန်နေကြသလို ပရိသတ်အများစုရဲ့ထောက်ခံခြင်းအပြင် နှစ်ပေါင်း ၅ဝအတွင်းစွမ်း ဆောင်နိုင်မှုအနည်းဆုံးအဖွဲ့အစည်းအဖြစ်လည်း သတ်မှတ်မှုတွေရှိနေခဲ့တာပါ။

ယူအီးအက်ဖ်အေတာဝန်ရှိသူတွေအနေနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းမှုများပြု လုပ်ခဲ့ရပြီး ဥရောပနိုင်ငံတွေအတွင်း ရောဂါကူးစက်ခံရမှုနှုန်းမြင့်တက်လာခြင်းအပြင် အိမ်ရှင်အဖြစ်လက်ခံကျင်း ပမယ့် အီတလီနိုင်ငံအတွင်း အဆိုးရွားအခြေအနေရှိလာခဲ့တဲ့အတွက် ၂၀၂၁၊စက်တင်ဘာသို့ ရွှေ့ဆိုင်းကြောင်း သဘောတူအတည်ပြုချက်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က