အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်ဖို့ ရာခိုင်နှုန်းအများဆုံးရှိနေခဲ့တာပါ။

ကာတာစီးပွားရေးလုပ်ငန်းစုများအနေနဲ့ အီတလီစီးရီးအေတွင် ရင်းနှီးမြှုပ်နှံမှုအချို့ပြုလုပ်ဖို့ရှိနေတယ် လို့သတင်းထွက်ပေါ်မှုတွေရှိနေခဲ့တာပါ။

အီတလီစီးရီးအေထိပ်သီးကလပ်ရိုးမားအသင်းအနေနဲ့ အသင်းရဲ့ရှယ်ယာအချို့ကိုရောင်းချဖို့ရှိ နေ တ ယ်လို့ သတင်းထွက်ပေါ်မှုအချို့ရှိခဲ့ပြီးချိန်မှာ ကာတာစီးပွားရေးလုပ်ငန်းရှင်တွေရဲ့စိတ်ဝင်စားခြင်း ခံနေ ရတယ်လို့ footballitalia က အခိုင်အမာဖော်ပြလာပါတယ်။

ရိုးမားအသင်းအနေနဲ့ ၂၀၁၀၀န်းကျင်ကာလတွေက ဆန်စီမိသားစုက ပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်းတွင် အ သင်းအတွက်ရင်းနှီးမြှုပ်နှံသူများစွာတာဝန်ယူခဲ့ပြီး လက်ရှိမှာ NEEP ROMA Holding ကရှယ်ယာ ၇၉. ၄ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။



“ မဖြစ်နိုင်တာမရှိပါဘူး။ ဘာမဆိုဖြစ်နိုင်ပါတယ်။ သေချာတာတစ်ခုကတော့ ကာတာလုပ်ငန်းရှင်အ များ စုအနေနဲ့ အီတလီမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ချင်နေတာပါ။ အထူးသဖြင့် ရိုးမားအသင်းကိုဝယ် ယူဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။ အနှေးနဲ့အမြန်အပြီးသတ်ဖို့ပဲ ကျန်တာပါ ” လို့ အီတလီနိုင်ငံဆို င်ရာကာတာသံအမတ်က အတည်ပြုခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ကာတာနိုင်ငံအနေနဲ့ မနေ့က ပြိုင်ပွဲလိုဂို ကိုအတည်ပြုထုတ်ပြန်ခဲ့ပြီးတဲ့နောက် လာမယ့်နှစ်များအတွင်း နိုင်ငံရဲ့ဘောလုံးအဆင့်အတန်းမြင့်တ က်စေရေးအတွက် ဥရောပထိပ်သီးအသင်းအချို့မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ရှိနေတယ်လို့လည်း ကာ တာစွမ်းအင်နဲ့ဥပဒေဝန်ကြီးဋ္ဌာနထိပ်ပိုင်းခေါင်းဆောင် အယ်လ်ဂျီဟာနီက အတည်ပြုထားပါတယ်။

ရိုးမားအသင်းအနေနဲ့ကလည်း အခုနှစ်အကုန်တွင် အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေများကို စစ်တမ်း ကောက်ယူဖို့ရှိနေပြီး အသင်းရဲ့အခြေအနေအပေါ်မူတည်၍ ကာတာစီးပွားရေးလုပ်ငန်းရှင်များကက မ်းလှမ်းဖို့အသင့်ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုများရှိနေခဲ့ပါတယ်။



က္က