ည ၈ နာရီကနေ မနက် ၅ နာရီအတွင်း မထွက်ရဖို့ အမိန့်ထုတ်ထားတာပါ။
Pyae Phyo Thein

ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့အတွက် ည ၈ နာရီကနေ မနက် ၅ နာရီအတွင်း အပြင်မထွက်ရအမိန့်ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။


နယူးကာဆယ်ယူနိုက်တက်မှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်မှာ နာမည်ကျော်ကြားခဲ့တဲ့ ကွင်းလယ်လူဟောင်းဆိုလာနိုဟာ သတ်မှတ်ချိန်အတွင်းအပြင်မထွက်ရအမိန့်ကို ချိုးဖောက်ခဲ့လို့ ဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်။ ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့အတွက် ည ၈ နာရီကနေ မနက် ၅ နာရီအတွင်း အပြင်မထွက်ရအမိန့်ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆိုလာနိုဟာ ဧည့်ခံပွဲတစ်ခုကနေ အချိန်လွန်မှပြန်လာခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပီရူးလက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ်တာဝန်ယူကိုင်တွယ်နေတဲ့ ဆိုလာနိုဟာ သူငယ်ချင်းဖြစ်သူရဲ့ ဖိတ်ခေါ်မှုကြောင့် သွားရောက်တွေ့ဆုံကာ စားသောက်ခဲ့တယ်လို့ သိရပါတယ်။ 

"ကျွန်တော်က ကိုယ့်ကိုကိုယ်အကောင်းဆုံးနည်းလမ်းနဲ့ ထိန်းသိမ်းနေတတ်သူဆိုတာကို ကျွန်တော်နဲ့ရင်းနှီးသူတွေသိပါတယ်၊ နေ့လည်စာစားဖို့အတွက် မိတ်ဆွေတစ်ယောက်ကဖိတ်ခေါ်ခဲ့လို့ သွားရောက်ခဲ့တာဖြစ်ပြီး အဲဒါက ပါတီပွဲလည်းမဟုတ်ပါဘူး၊ ရိုးရိုးတွေ့ဆုံခဲ့တာပဲဖြစ်ပြီးတော့ ဘယ်သူပဲဖိတ်ဖိတ် ကျွန်တော်အမြဲတမ်းသွားနေကျပါ"

"အခုလိုမျိုးဖြစ်တဲ့အတွက် ကျွန်တော်တကယ်စိတ်မကောင်းပါဘူး၊ ဒီကိစ္စအတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်၊ ဒီအတွက်လည်း တရားမျှတမှုရရှိဖို့ ကျွန်တော်တောင်းဆိုမှာမဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးက ဒီလိုအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ၊ တစ်ရက်ပြီး တစ်ရက်အသက်ရှင်နေထိုင်နေရတာက ဖိနပ်ထဲရောက်နေသလိုပါပဲ၊ အရမ်းခက်ခဲပါတယ်၊ အရေးကြီးဆုံးက ကျန်းမာရေးပါ၊ ကျန်းမာရေးမကောင်းရင် ဘာမှလုပ်လို့မရပါဘူး" လို့ ဆိုလာနိုက Peruvian National Radio ကတဆင့် ပြောဆိုခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် ဆိုလာနိုဟာ အက်စတွန်ဗီလာ၊ ဝက်စ်ဟမ်းတို့မှာလည်း ကစားခဲ့ပြီး ဘိုကာဂျူနီယာအသင်းမှာ နောက်ဆုံးအကြိမ်ကစားခဲ့ပါတယ်။ နယူးကာဆယ်မှာ ၈ နှစ်ကြာကစားခဲ့ပြီး ပီရူးလက်ရွေးစင်အသင်းအတွက်လည်း ၉၅ ပွဲအထိ ကစားပေးခဲ့တဲ့ နာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်ပါတယ်။ 


Author


က္က