အသင်းပြောင်းမယ်လို့ သတင်းထွက်ပြီးကတည်းက အသင်းနဲ့အတူ ပထမဆုံး ပြန်လည်မြင်တွေ့ရခြင်းပါ။

မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲဖြစ်တစ်ပွဲမှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီး ဒါဟာ အသင်း ပြောင်းတော့မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် ပထမဆုံး အသင်းနဲ့ ပြန်လည်ပါဝင်လာခြင်း ဖြစ်ပါ တယ်။

အသက် ၃၃နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူးဟာ သြဂုတ်လကတည်းက အသင်းက ထွက်တော့မယ်လို့ တောင်းဆိုထားသူဖြစ်ပေမယ့်လည်း သူ့ကို ဝယ်ယူနိုင်တဲ့ အသင်းတစ်သင်းမှ မရှိလို့ အသင်းမှာသာ ဆက်နေတော့ မယ်လို့ ပြီးခဲ့တဲ့ အပတ်ကမှ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။



မက်ဆီအနေနဲ့ကတော့ ၃-၁ဂိုးနဲ့ တတိယတန်းကလပ် တာရာဂိုနာအသင်းပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်လာလို့ အသင်းရဲ့ အသင်းခေါင်းဆောင်နေရာမှာ ဆက်ရှိနေမယ်လို့လည်း ယူဆနိုင်ပါတယ်။

မက်ဆီရဲ့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါလျော်ကြေးက ယူရို သန်း ၇၀၀ လောက် တန်ကြေးရှိနေလို့ စာချုပ်ပါ နစ်နာကြေးပေးပြီး မက်ဆီကို မခေါ်ယူနိုင်ကြတာပါ။

မက်ဆီအနေနဲ့ကတော့ အသင်းနဲ့ စာချုပ်သက်တမ်းက ယခုနှစ် ဘောလုံးရာသီကုန်ရင် ပြီးဆုံးမှာ ဖြစ်တာကြောင့် အသင်းနဲ့ သက်တမ်းတိုးမလား ရာသီကုန်ရင် အလွတ်ထွက်ခွာခွင့်ရမလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်း နေပါတယ်။

ဘာစီလိုနာအသင်းကတော့ လာမယ့် စက်တင်ဘာ ၂၇မှာ ဗီလာရီးရဲအသင်းနဲ့ လာလီဂါအဖွင့်ပွဲ စတင်ကစားရပါ မယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က