မက်ဆီက အသင်းပြောင်းဖို့ ဆန္ဒရှိနေသူပါ။

ရာသီကြိုပြင်ဆင်မှုတွေ မလုပ်ခင် နေရာအသီးသီးကိုရောက်နေကြမယ့် ကစားသမားနဲ့ အဖွဲ့ဝင်အားလုံးကို ဆေးစစ်မှာဖြစ်ပြီး မက်ဆီကတော့ ဆေးစစ်မှု မခံယူတော့ဘူးလို့ သိရတာပါ။

အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်ပေါ်နေတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ ရာသီကြို ပြုလုပ်လေ့ရှိတဲ့ ဆေးစစ်တဲ့ အစီအစဥ်မှာ ပါဝင်တော့မှာမဟုတ်ဘူးလို့ မက်ဆီနဲ့သူ့ရဲ့ဥပဒေရေးရာအဖွဲ့က ပြောကြားလာတယ်လို့ Goal.comကဖော်ပြလာပါတယ်။



ဘာစီလိုနာအသင်းအနေနဲ့ ရာသီကြို လေ့ကျင့်ရေးတွေ၊ခြေစမ်းပွဲတွေမကစားခင် နေရပ်ပြန်သွားကြတဲ့သူတွေနဲ့ အသင်းမှာ အတူရှိမနေတဲ့သူတွေအားလုံးကို ဆေးစစ်မှုတွေ အရင်ဆုံးလုပ်ဆောင်မှာလို့သိရပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာကစားသမားတွေ ဆေးစစ်တဲ့အချိန်မှာ မက်ဆီတော့ မပါဝင်တော့ဘူးလို့ Goal.comက အခိုင်အမာဆိုလာတာပါ။

မက်ဆီနဲ့ ဘာစီလိုနာရဲ့ စာချုပ်က ၂၀၂၁ခုနှစ်ဘောလုံးရာသီပြီးတဲ့အချိန်ထိ ရှိနေပေမယ့်လည်း မက်ဆီကတော့ အသင်းကနေ ယခုနှစ် ဘောလုံးရာသီမစခင်မှာပဲ ထွက်ခွာချင်နေပြီလို့ ထုတ်ဖော်ပြောလာတာပါ။

အကယ်၍ အသင်းနဲ့ ဆေးစစ်ပြီး ဖော်ပြခံလာရပါက မက်ဆီအနေနဲ့ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိ နေမယ့် သဘောမှာ ရှိနေအုံးမှာ ဖြစ်ပြီး လက်ရှိမှာတော့ ဆေးစစ်မှု မလုပ်တော့တဲ့အတွက် ဘာစီလိုနာအသင်းက လည်း စာရင်း တင်သွင်းလို့ရမှာ မဟုတ်ပါဘူး။

မက်ဆီအသင်းကထွက်ရင် ခေါ်ယူလိုနေတဲ့အသင်းတွေကတော့ ထိပ်ဆုံးမှာ မန်စီးတီးသတင်းကြီးနေပြီး ဂျူဗင် တပ်၊ယူနိုက်တက်၊ပီအက်စ်ဂျီနဲ့အင်တာမီလန်တို့လည်းချိတ်ဆက်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က