အသင်းမှာရှိတဲ့ လူတချို့က မခေါ်ယူစေချင်ဘူးလို့ ပြောခဲ့တာပါ။

နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ပြသနာတချို့ဖြစ်ပွားခဲ့ပြီးနောက် အသင်းဟောင်းဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ အားထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။


အသင်းဖော်တိုက်စစ်မှူးဟောင်းနေမာကို ဘာစီလိုနာအသင်းက လူတချို့က ပြန်လည်ခေါ်ယူခြင်းမပြုဖို့ ဟန့်တားခဲ့တဲ့အတွက် အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ ခက်ခဲခဲ့ရတယ်လို့ ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီက ပြောဆိုလိုက်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ပြသနာတချို့ဖြစ်ပွားခဲ့ပြီးနောက် အသင်းဟောင်းဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ အားထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Sportskeeda သတင်းဌာနရဲ့ ဖော်ပြချက်အရ မက်ဆီက နေမာကို မခေါ်ယူနိုင်တဲ့အပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေရတယ်လို့လည်း သိရပါတယ်။ မက်ဆီဟာ နူးကမ့်မှ နေမာနဲ့ ပြန်လည်တွဲဖက်ကစားဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးကို ခေါ်ယူဖို့လည်း အသင်းကို တိုက်တွန်းပြောဆိုခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

"ကျွန်တော်နဲ့နေမာနဲ့က မကြာခဏဆိုသလို စကားတွေပြောဖြစ်ကြပါတယ်၊ ဆွာရက်ဇ်လည်းရှိနေတဲ့ Group Chat တစ်ခုလည်း ကျွန်တော်တို့မှာ ရှိပါတယ်၊ နူးကမ့်ကို နေမာ ပြန်လာဖို့က တော်တော်လေးရှုပ်ထွေးမှုတွေ ရှိနေခဲ့တာပါ၊ အသင်းကလူတချို့က သူ့ကို အသင်းဆီပြန်မလာစေချင်ကြပါဘူး၊ နေမာက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ"

"ဒါပေမယ့် တခြားထည့်စဉ်းစားရမယ့် အရာတွေရှိတယ်ဆိုတာကိုလည်း ကျွန်တော်နားလည်ပါတယ်၊ သူ အသင်းကနေ ထွက်ခွာသွားတာကို မြင်ရတာက တော်တော်လေးတော့ ခက်ခဲခဲ့ပါတယ်" လို့ မက်ဆီက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မက်ဆီ၊ နေမာနဲ့ ဆွာရက်ဇ်တို့ဟာ MSN တိုက်စစ်အဖြစ်နာမည်ကျော်ခဲ့ပြီး အကောင်းဆုံးတိုက်စစ်အတွဲတစ်ခုအဖြစ် နူးကမ့်မှာခြေစွမ်းပြနိုင်ခဲ့ပါတယ်။



က္က