ရှေ့နေအပ်ပြီး တရားစွဲဖို့ လုပ်ဆောင်လာတာပါ။
Kyaw Ko Ko Sint

ဘိုင်ယန်ကို ရှုံးနိမ့်ပြီးနောက် ရုတ်တရက် ထုတ်ပယ်ခံလိုက်ရပေမယ့် မနေ့က စက်တင်ဘာ ၁၇ မတိုင်မီအထိ တရားဝင် ဆက်သွယ်အကြောင်းကြားစာပေးပို့ခြင်းမရှိသလို အကြောင်းကြားလာချိန်မှာလည်း မူလချုပ်ဆိုထား တဲ့ စာချုပ်ပါ အချက်အလက်တွေနဲ့ သွေဖယ်နေလို့ ဆီတီယန်က ရှေ့နေအပ်ပြီး ဆက်လက်လုပ်ဆောင်သွားမှာပါ။

ဘာစီလိုနာအသင်းရဲ့ ထုတ်ပယ်ခြင်း ခံလိုက်ရတဲ့ နည်းပြဟောင်း ဆီတီယန်ဟာ အသင်းရဲ့ မပွင့်လင်းတဲ့ လုပ် ဆောင်ချက်တွေကို လူမှုကွန်ရက်ကတဆင့် ဖွင့်ဟလာပြီး တရားဝင် အရေးယူမှု ပြုလုပ်နိုင်ဖို့ လုပ်ဆောင်လာ တယ်လို့ Goal.com က ဖော်ပြလာပါတယ်။

တွစ်တာမှာ ထုတ်ပြန်ချက်တစ်ခု ရေးသားဖော်ပြလာတာဖြစ်ပြီး -“အသင်းက ထုတ်ပယ်ခံရပြီးတဲ့နောက် စက်တင် ဘာလ ၁၆ရက်နေ့အထိ တရားဝင် ထုတ်ပယ်တဲ့ စာ ပေးပို့ခြင်း မရှိသေးပါဘူး။”လို့ ဆီတီယန်က အဓိကထား ရေးသားဖော်ပြ လာတာပါ။

ဆီတီယန်ကိုတော့ ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်ကို ၈-၂နဲ့ အရေးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာပဲ ဆီတီယန်အပါအဝင် နည်းပြအဖွဲ့ဝင် ၄ဦးကို ထုတ်ပယ်လိုက်တာပါ။

စပိန်သတင်းဌာန ASကတော့ ဆီတီယန်အနေနဲ့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ မူလစာချုပ်အရ ၂၀၂၀-၂၁ ဘောလုံး ရာသီမှာ ရရှိနိုင်မယ့် ယူရို ၄သန်းကို တောင်းဆိုချင်နေတာလို့လည်း ဖော်ပြလာပါတယ်။

ဆီတီယန်ရဲ့ ထုတ်ပြန်ချက်မှာတော့ - “ စက်တင်ဘာ ၁၆ရက်နေ့အထိ တစ်လတိတိ သူတို့ဖက်က တိတ်ဆိတ်စွာ နေခဲ့ပြီးမှ မနေ့ကမှ အကြောင်းကြားစာ ရောက်လာပါတယ်။အဲ့ဒီအကြောင်းကြားစာမှာလည်း သူတို့ရဲ့ ၁လပိုင်း ၁၄ရက်နေ့ ၂၀၂၀ခုနှစ်မှာထုတ်ပြန်ထားတဲ့ ဝန်ထမ်းခန့်အပ်တဲ့ စာချုပ်ပါ အချက်အလက်တွေနဲ့ သွေဖယ်နေပါ တယ်။လက်ရှိအချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ နှစ်ဖက်အကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ ရှေ့နေတွေလက်ထဲ အပ်လိုက်ပါပြီ။”လို့ ပါရှိပါသေးတယ်။

ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်စာတမ်းတွေနဲ့ သဘောတူညီချက်တွေဟာ အခုချိန်မှာ ဘာတွေလွဲမှား နေခဲ့လဲဆိုတာကို စာရွက်စာတမ်းများနဲ့တကွ ရှေ့နေတွေက လုပ်ဆောင်ချက်နဲ့အညီ လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ နည်းပြသစ် ကိုးလ်မန်းကို ခန့်အပ်ထားပြီး ပထမဆုံး လာလီဂါပွဲအဖြစ် လာမယ့် စက် တင်ဘာ ၂၇မှာ ဗီလာရီးရဲအသင်းကို အိမ်ကွင်းစတင်ဧည့်ခံ ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က