ပရိသတ်တွေအတွက် ရည်မှန်းထားတယ်လို့ ဆိုခဲ့ပါတယ်။
Pyae Phyo Thein

ဒီရာသီမှာ ဘာစီလိုနာကို အိမ်ကွင်းမှာအနိုင်ယူပြီး အဝေးကွင်းမှာသရေကစားနိုင်ခဲ့လို့ ရမှတ်တူခဲ့ရင်တောင်မှ ထိပ်တိုက်တွေ့ဆုံမှုရလဒ်အရ ဆုဖလားဆွတ်ခူးနိုင်မယ့် အခွင့်အရေးကို ရီးရဲလ်က ပိုင်ဆိုင်ထားခဲ့ပါတယ်။


ဇွန်လအတွင်းမှာ ပြန်လည်စတင်နိုင်ဖွယ်ရာရှိတဲ့ လာလီဂါပြိုင်ပွဲတွေမှာ အမှတ်ပေးဖလားရရှိဖို့အတွက် အသင်းသားအားလုံးစိတ်ပိုင်းဖြတ်ထားတယ်လို့ ရီးရဲလ်မက်ဒရစ်လူငယ်ကြယ်ပွင့်ဗင်နီရှပ်က ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာရဲ့နောက် ၂မှတ်အကွာနဲ့ ရပ်တည်နေတာဖြစ်ပြီး လက်ကျန် ၁၁ပွဲကစားဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ 

ဒီရာသီမှာ ဘာစီလိုနာကို အိမ်ကွင်းမှာအနိုင်ယူပြီး အဝေးကွင်းမှာသရေကစားနိုင်ခဲ့လို့ ရမှတ်တူခဲ့ရင်တောင်မှ ထိပ်တိုက်တွေ့ဆုံမှုရလဒ်အရ ဆုဖလားဆွတ်ခူးနိုင်မယ့် အခွင့်အရေးကို ရီးရဲလ်က ပိုင်ဆိုင်ထားခဲ့ပါတယ်။ အသင်းသားတွေအနေနဲ့ ပရိသတ်တွေအတွက် အမှတ်ပေးဖလားကို ရယူပေးနိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ Marca နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဗင်နီရှပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"ဘာစီလိုနာနဲ့ပွဲတွေကို ကျွန်တော်ပြန်ကြည့်ဖြစ်ပြီး စဉ်းစားမိပါတယ်၊ သူတို့အသင်းထက် ကျွန်တော်တို့က အများကြီးပိုကောင်းပါတယ်၊ အခုထိ အရမ်းကောင်းတဲ့ပွဲတွေကစားဖို့ ရှိနေသေးပြီး ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကို ပြန်ရဖို့ကြိုးစားသွားရမှာပါ၊ အကောင်းဆုံးပုံစံဖြစ်ဖို့ ကျွန်တော်တို့တကယ်ကိုဆာလောင်နေပါတယ်၊ ပရိသတ်တွေအတွက် အမှတ်ပေးဖလားကို ကျွန်တော်တို့ရယူပေးသွားချင်ပါတယ်"

"လူအများအပြားက အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေအတွက် အားတက်စရာတစ်ခုခုကို ပေးစွမ်းချင်ပါတယ်၊ ဆုဖလားရယူနိုင်တာက ဒီကြေကွဲစရာအဖြစ်ဆိုးအတွက် အဖြေတော့မဟုတ်ပါဘူး၊ ဒါပေမယ့် အနည်းဆုံးတော့ ပြုံးနိုင်ပါလိမ့်မယ်၊ အနည်းဆုံးတော့ ပျော်ရွှင်နိုင်ပါလိမ့်မယ်" လို့ ဗင်နီရှပ်ကပြောသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါအပြင် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ကိုလည်း ကစားရဦးမှာဖြစ်ပါတယ်။ ပထမအကျော့မှာ အိမ်ကွင်းမှာပဲ မန်စီးတီးကို အရေးနိမ့်ထားလို့ အဝေးကွင်းမှာ ရုန်းကန်ရမှာဖြစ်ပြီး ဗင်နီရှပ်က ပွဲမပြီးသေးဘူးလို့ မန်စီးတီးကို သတိပေးစကားပြောဆိုသွားခဲ့ပါသေးတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က