ဘာစီလိုနာမှာသာ ဆက်နေဖို့ မက်ဆီ ဆုံးဖြတ်ခဲ့ပါတယ်။
Kyaw Ko Ko Sint

“ကျွန်တော့်သား အကြီးကောင်ကို သူ့ကိုအတင်းအဓမ္မထွက်ခွာခိုင်းတာ၊ ကျောင်းအသစ်မှာနေတာမျိုး၊ သူငယ် ချင်းအသစ်ဖွဲ့တာ စတဲ့အကြောင်းဘာမှမသိစေချင်ဘူး။”

ကမ္ဘာ့အကောင်းဆုံး ကစားသမား လီယွန်နယ်မက်ဆီ ဘာစီလိုနာအသင်းကနေ ပြောင်းတော့မယ်လို့ ဆုံးဖြတ် ချက်ချခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အသင်းမှာသာ ဆက်လက်ရှိနေတော့မယ်လို့ သိရပါတယ်။

နှစ်ပေါင်း ၂၀ ကျင်လည်လာတဲ့ ဘာစီလိုနာကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ရော မပြောင်းဖြစ် တော့တာနဲ့ ပတ်သက်ပြီးတော့ရော Goal.comက သီးသန့် တွေ့ဆုံမေးမြန်းထားတာ သိရပါတယ်။

“ကျွန်တော်အသင်းပြောင်းတော့မယ်လို့ ဇနီးနဲ့ ကလေးတွေကို ပြောလိုက်တဲ့အခါ ဒါဟာ သူတို့အတွက် ရက်စက် တဲ့စကားလုံးတွေ ဖြစ်သွားခဲ့တယ်။သူတို့ အားလုံး ငိုကြတယ်၊ပြီးတော့ ကျွန်တော့်ကို သူတို့ ဘာစီလိုနာကနေ မသွားချင်ဘူးလို့ ပြောကြတယ်။ဒါ့အပြင် ကျောင်းလည်း မပြောင်းချင်ဘူးလို့ ဆိုကြတယ်။”လို့ မက်ဆီက ကနဦး ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း မက်ဆီက သူ့ကို ကျဆုံးစေခဲ့တဲ့ ရောမ၊လီဗာပူးနဲ့လစ္စဘွန်းမြေတွေက ရှုံးပွဲတွေက ဘာာစီလိုနာ ကိုစွန့်ခွာပြီး အခြားသော အမြင့်ဆုံးအောင်မြင်မှုတွေကို ဆက်လက်ရယူဖို့ တွန်းအားပေးနေသေးတယ်လို့ ဆိုပါ သေးတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဘာစီလိုနာအသင်းမှာ ဆက်လက်ရှိနေအုံးမှာ ဖြစ်ပြီး အခုလို အသင်းက ထွက် ခွာဖို့ လုပ်ဆောင်ရတာကလည်းအသင်း ဥက္ကဌ ဘာတိုမြူကိုယ်တိုင်က မက်ဆီ အသင်းက ထွက်ခွာချင်ရင် ဘော လုံးရာသီတစ်ခု ပြီးဆုံးချိန်မှာ ဆုံးဖြတ် ထွက်ခွာနိုင်တယ်ဆိုတဲ့စကားကြောင့် ဖြစ်တယ်လို့ မက်ဆီက ဆိုပါတယ်။

ဒါပေမယ့်လည်း ဘာတိုမြူက လက်တွေ့မှာတော့ မက်ဆီကို လွယ်လွယ်နဲ့ လက်လွှတ်မခံခဲ့ပဲ နောက်ဆုံးအဆင့် အနေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရတော့မယ့် အခြေအနေသာ ကျန်တော့ချိန်မှာ မက်ဆီဘက်ကနေ အသင်းမှာ သာ ဆက်နေပြီး လက်ကျန် တစ်ရာသီစာချုပ်အတိုင်း လုပ်ဆောင်သွားတော့မယ်လို့ ထုတ်ပြောလာလို့ ကိစ္စပြတ် သွားတာပါ။

“ဘာစီလိုနာကို ဆန့်ကျင်ပြီး တရားရုံး မတက်ချင်ပါဘူး၊အကြောင်းကတော့ ကျွန်တော်ချစ်တဲ့ အသင်းဖြစ်လို့ပါ။ ကလပ်က ကျွန်တော့်ဘဝပါ၊ကျွန်တော်စရောက်ကတည်းက အားလုံး ကျွန်တော့်ကို ပေးခဲ့တာပါ၊ဒါကြောင့်တရား ရုံးတက်ရမယ့် ကိစ္စကို ငြင်းပယ်လိုက်တာပါ။”လို့ မက်ဆီက ဆက်လက်ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က