နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲမကစားခင်မှာပါ။
Kyaw Ko Ko Sint

အီတလီမှာ ကိုရိုနာ ဗိုင်းရပ်စ်သံသယကြောင့် ယခုတစ်ပတ်ထဲမှာ ကစားခဲ့တဲ့ လိဂ်ပွဲတွေထဲက ပွဲအချို့ကို ရွှေ့ဆိုင်း ထားခဲ့ရပါတယ်။



ကမ္ဘာတစ်ဝန်း ပျံ့နှံ့လျက်ရှိတဲ့ ကြောက်မက်ဖွယ် ကိုရိုနာ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့အတွက် ဘာစီလိုနာ ကစားသမားတွေလည်း ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ခံရမယ်လို့ သိရပါတယ်။

Daily Mailရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းက ဒီတစ်ပတ်ထဲမှာ အီတလီမြေကိုသွားဖို့ရှိပြီး အီတလီမှာတော့ ကိုရိုနာ ဗိုင်းရပ်စ် သံသယရှိနေခြင်းခံနေရတာပါ။

ဒါကြောင့် ယခုတစ်ပတ်ထဲမှာ ကစားတဲ့ပွဲတွေထဲက ၄ ပွဲလောက်ကိုတောင် ဗိုင်းရပ်စ်ပိုးသံသယကြောင့် ပွဲရွှေ့ထား ခဲ့ရတာပါ။

Italy has been struck by a severe outbreak of the coronavirus with 79 cases reported so far

ဒါကြောင့် လေဆိပ်အဝင်မှာကတည်းက ကစားသမားတွေထဲမှာအဖျားဝေဒနာရှိမရှိစစ်ဆေးခံရမှာ ဖြစ်ပြီး အဖျားဝေဒနာရှိပါက ဆေးရုံကို တန်းခေါ်ဆောင်ခံရမှာလည်း ဖြစ်ပါတယ်။

အီတလီမြောက်ပိုင်းမှာတော့ ဗိုင်းရပ်စ်ပိုး သံသယခံနေရပြီး လက်ရှိမှာ လူဦးရေ ၇၉ ဦးခံစားနေရကာ အပျော်တမ်း ဘောလုံးသမားတစ်ဦးလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

နာပိုလီနဲ့ဘာစီလိုနာတို့ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကိုမူ လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှာကစားသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က