ကာတာမှာ နေထိုင်နေတာဖြစ်ပါတယ်။
Pyae Phyo Thein

ဇာဗီဟာ အယ်လ်ဆတ်ဒ်အသင်းနဲ့ ဒီလအစောပိုင်းကမှ စာချုပ်သက်တမ်းတိုးမြှင့်ထားသူဖြစ်ပြီးတော့ အသင်းဟောင်းဘာစီလိုနာရဲ့ ဆက်သွယ်မှုကိုရရှိနေသူလညးဖြစ်ပါတယ်။


ဘာစီလိုနာအသင်းကွင်းလယ်လူဟောင်း ဇာဗီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီလို့ သိရပါတယ်။ အသက် ၄၀ အရွယ် စပိ််န်ကွင်းလယ်လူဟောင်းဟာ ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းကို ကိုင်တွယ်နေသူဖြစ်ပြီးတော့ ကူးစက်ခံထားရတာ မှန်ကန်တယ်လို့ အတည်ပြုခဲ့ပြီး သီးသန့်နေထိုင်ပြီဖြစ်ပါတယ်။ 

"ဒီနေ့ ကျွန်တော့်အသင်းနဲ့ ပူးပေါင်းနိုင်ခြင်းမရှိတော့ပါဘူး၊ ကျွန်တော့်ကိုယ်စားဒေးဗစ်ပရက်တ်က အသင်းကို ဦးဆောင်ပါလိမ့်မယ်၊ ပြီးခဲ့တဲ့ရက်အနည်းငယ်က QSL ရဲ့ မူဝါဒအရ ကျွန်တော်ဆေးစစ်မှုခံယူခဲ့ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုတဲ့ အဖြေထွက်ခဲ့ပါတယ်၊ ကံကောင်းစွာနဲ့ပဲ ကျွန်တော် ကောင်းကောင်းမွန်မွန်ရှိနေပါတယ်၊ ဒါပေမယ့် အလုံးစုံပျောက်ကင်းတဲ့အထိတော့ တစ်ဦးတည်းနေထိုင်သွားရဦးမှာပါ" လို့ ဇာဗီက သူ့ရဲ့အင်စတာဂရမ်ကနေ ရေးသားအသိပေးခဲ့ပါတယ်။ 

ကာတာလိဂ်တွေကိုတော့ မတ်လကတည်းက ရပ်နားထားခဲ့ပြီး ပြီးခဲ့တဲ့သောကြာနေ့မှ ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ အယ််လ်ဆတ်ဒ်အသင်းဟာ ကာတာလိဂ်တတိယနေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး စနေနေ့က အယ်လ်ကောအသင်းနဲ့ ကစားခဲ့ပြီး လက်ကျန်ငါးပွဲကစားဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဇာဗီဟာ အယ်လ်ဆတ်ဒ်အသင်းနဲ့ ဒီလအစောပိုင်းကမှ စာချုပ်သက်တမ်းတိုးမြှင့်ထားသူဖြစ်ပြီးတော့ အသင်းဟောင်းဘာစီလိုနာရဲ့ ဆက်သွယ်မှုကိုရရှိနေသူလညးဖြစ်ပါတယ်။ ဒါပေမယ့် ဇာဗီက ကာတာကလပ်မှာပဲ ဆက်လက်ရှိနေဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး ဘာစီလိုနာဘက်က ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချထားခဲ့တာဖြစ်တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ 


Author


က္က