ဆွာရက်ဇ်အနားယူရချိန်မှာ မက်ဆီအတွက် တွဲဖက်မဲ့နေခဲ့ပါတယ်။
Pyae Phyo Thein

မက်ဆီကို ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ပေးထားတာက ဆွာရက်ဇ်ဖြစ်ပြီး အပြန်အလှန်ပေးပို့မှုကလည်း သူတို့နှစ်ဦးကြားမှာ အများဆုံးဖြစ်နေခဲ့ကာ အတွဲအဖက်ညီတဲ့ တိုက်စစ်အသင်းဖော်တွေအဖြစ် ရှိနေခဲ့ပါတယ်။ 


တိုက်စစ်ပိုင်းအသင်းဖော်ဆွာရက်ဇ် ဒဏ်ရာကြောင့်အနားယူနေရချိန်တွေမှာ ဘာစီလိုနာအတွက် ခြေစွမ်းပြနိုင်ဖို့ မက်ဆီတစ်ယောက် ရုန်းကန်နေခဲ့ရပါတယ်။ အချက်အလက်မှတ်တမ်းတွေအရ ဆွာရက်ဇ်က မက်ဆီကို အခြားသော ဘာစီလိုနာကစားသမားတွေထက် ပိုမိုပြီးတော့ အကူအညီပေးနိုင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ (အောက်ပါပုံကို ကြည့်ပါ)

သူတို့နှစ်ဦးကြားအပြန်အလှန်ဆက်သွယ်မှုက ဒမ်ဘီလီ၊ အန်ဆူဖာတီ၊ ဂရစ်မန်း၊ ကားလက်စ်ပီရက်ဇ်တို့ထက် ပိုမိုပြီးတော့ ကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။ မက်ဆီကို ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ပေးထားတာက ဆွာရက်ဇ်ဖြစ်ပြီး အပြန်အလှန်ပေးပို့မှုကလည်း သူတို့နှစ်ဦးကြားမှာ အများဆုံးဖြစ်နေခဲ့ကာ အတွဲအဖက်ညီတဲ့ တိုက်စစ်အသင်းဖော်တွေအဖြစ် ရှိနေခဲ့ပါတယ်။ 

သူတို့နှစ်ဦးက ကွင်းတွင်းမှာတင်မဟုတ်ဘဲ ကွင်းပြင်ပမှာပါ ခင်မင်ရင်းနှီးကာ အားလပ်ချိန်တွေကို အတူတကွကုန်ဆုံးလေ့ရှီသူတွေဖြစ်ပါတယ်။ ဒီအတွက် တစ်ဦးနဲ့တစ်ဦးကြားမှာ နားလည်မှုပြည့်ဝနေခဲ့ပြီးတော့ ကွင်းအတွင်းမှာလည်း အချိတ်အဆက်မိမိနဲ့ ကစားနိုင်ခဲ့ပြီး ဘာစိလိုနာအသင်းတိုက်စစ်ပိုင်းကို အကောင်းဆုံးပုံဖော်ပေးနေခဲ့ကြပါတယ်။ 

ဆိုရရင်တော့ လက်ရှိမှာ မက်ဆီက တစ်ဦးတည်းအထီးကျန်နေသလိုဖြစ်နေပါတယ်။ ဆွာရက်ဇ်မရှိတော့တဲ့အတွက် အသငး်တိုက်စစ်ပိုင်းတာဝန်ကို သူတစ်ဦးတည်းယူထားရပြီး အန်ဆူဖာတီ၊ ဂရစ်မန်းတို့နဲ့ အချိတ်အဆက်မိဖို့က အားထုတ်နေရဆဲဖြစ်ပါတယ်။ အဂူရိုကို မက်ဆီကခေါ်ယူပေးဖို့တောင်းဆိုခဲ့တာဆိုတာကလည်း ဒါကြောင့်ပါပဲ။ သူ့အတွက် လိုက်ဖက်ညီတဲ့ တွဲဖက်ကစားသမားတစ်ဦးကို မက်ဆီက အလိုရှိနေခဲ့တာပါ။

ပုံမှာဆိုရင် မက်ဆီနဲ့ ဆွာရက်ဇ်တို့ကြား အပြန်အလှန်ဂိုးဖန်တီးပေးမှုက ၇ ကြိမ်အထိရှိနေခဲ့ပါတယ်။ ကျန်ကစားသမားတွေထဲမှာတော့ ဂရစ်မန်းနဲ့ကို မက်ဆီက တစ်ကြိမ်ဖန်တီးပေးထားပြီး ဂရစ်မန်းက ၂ကြိမ်ပြန်လည်ဖန်တီးပေးထားတာကို တွေ့ရမှာပါ။ "လီယို ငြီးငွေ့မသွားဖို့ ကျွန်တော်တို့ မျှော်လင့်နေရတာပါ၊ သူ့အတွက် ကောင်းမွန်တဲ့ကစားသမားတွေကိုလည်း ဝန်းရံပေးထားရပါမယ်" ဆိုတဲ့ ၂၀၁၂ ခုနှစ်တုန်းက ဂွာဒီယိုလာပြောဆိုခဲ့တဲ့ စကားတစ်ခွန်းက အခုတော့ တကယ်ကို မှန်ကန်နေခဲ့ပါပြီ။ 


Author


က္က