အကောင်းဆုံးကစားသမားတစ်ဦးကို ဆက်ကစားချင်နေတာပါ။
Pyae Phyo Thein

ဘာစီလိုနာဟာ ရီးရဲလ်နဲ့ ပြိုင်ဘက်တွေဖြစ်နေပေမယ့် ဇီဒန်းကတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးကို ဆက်လက်ရှိနေစေချင်တာလည်းဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းနည်းပြဇီဒန်းက စာချုပ်သက်တမ်းကုန်ဆုံးပြီးပါကလည်း မက်ဆီကို ဘာစီလိုနာမှာသာ ဆက်လက်ရှိနေစေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာဟာ ရီးရဲလ်နဲ့ ပြိုင်ဘက်တွေဖြစ်နေပေမယ့် ဇီဒန်းကတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးကို ဆက်လက်ရှိနေစေချင်တာလည်းဖြစ်ပါတယ်။

စပိန်သတင်းဌာန Cadena SER ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ နောက်နှစ်နွေရာသီမှာ နူးကမ့်က ထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ အဆိုပါသတင်းနဲ့ပတ်သက်ပြီးတော့ ရီးရဲလ်နည်းပြဇီဒန်းကို မေးမြန်းခဲ့ရာမှာ ဇီဒန်းက အထက်ပါအတိုင်းဖြေဆိုခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်နေဖို့ မက်ဆီဆက်ကစားဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

"ဘာတွေဖြစ်နေခဲ့လဲတော့ ကျွန်တော်မသိပါဘူး၊ ဒါပေမယ့်လည်း ဒီလိုတွေဖြစ်မလာစေဖို့အတွက် ကျွန်တော်တို့မျှော်လင့်ပါတယ်၊ သူသာ လိဂ်မှာရှိနေမှာပါ၊ ဒီလိဂ်မှာ အကောင်းဆုံးကစားသမားရှိနေဖို့ ကျွန်တော်တို့လည်း အလိုရှိပါတယ်" လို့ ဇီဒန်းက ပြောဆိုခဲ့ပါတယ်။ မက်ဆီဟာ အသင်းနည်းပြဆက်တီယန်နဲ့ အဆင်မပြေဖြစ်နေတယ်လို့လည်း သတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့တာဖြစ်ပါတယ်။

ဂရစ်မန်းကို ပေါင် ၁၀၈သန်းနဲ့ ဝယ်ယူခဲ့မှုအတွက်လည်း မက်ဆီက မကျေမနပ်ဖြစ်နေခဲ့ပြီး ဆက်ဆံရေးအေးစက်နေတယ်လို့ သိရပါတယ် အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းရာမှာလည်း အုပ်စုငယ်လေးတွေ ဖွဲ့လည်း မက်ဆီနဲ့ ဂရစ်မန်းတို့က အတူတူရှိမနေခဲ့ဘူးလို့သိရပြီး ကစားသမားတွေကြားမှာလည်း အဖွဲ့ကွဲနေခဲ့တယ်လို့ ဆိုပါတယ်။ 



Author


က္က