နည်းပြ ကိုးလ်မန်းက အလိုရှိတယ်လို့ ဆိုလာတာပါ။
Kyaw Ko Ko Sint

ကော်တင်ဟိုက ဗယ်လ်ဗာဒီလက်ထက်မှာ တောင်ပံထွက်ကစားခဲ့ရပြီး အဆင်မပြေတာကြောင့်အငှားချခံခဲ့ရ ပေမယ့် လက်ရှိမှာတော့ ကွင်းလယ်အင်ဂျင် ရာကီတစ် ထွက်သွားလို့ ကိုးလ်မန်းရဲ့ ကွင်းလယ်အင်ဂျင် ဖြစ်လာ နိုင်မလား စိတ်ဝင်စားစရာပါ။

ဘိုင်ယန်မြူးနစ်အသင်းကို အငှားသွားကစားပြီး ပြန်လည်ရောက်ရှိလာတဲ့ ကော်တင်ဟိုကို အသင်းက ဆက် လက် အငှားချမယ်လို့ ရှေ့လတုန်းက သတင်းထွက်ပေါ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ နည်းပြကိုးလ်မန်းက ကော်တင်ဟိုကို အလိုရှိတယ်လို့ ပြောလာလို့ ဆက်လက် အငှားချတော့မှာ မဟုတ်ဘူးလို့ Marca သတင်းဌာန ကဖော်ပြလာပါတယ်။

ကော်တင်ဟိုအနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာဖို့ ရှိလာမယ့် အကြောင်းရင်းကတော့ တစ်ခုတည်းရှိတော့ပြီး ဒီနွေ ရာသီမှာ ကလပ်အသင်းတစ်သင်းသင်းက မြင့်မားတဲ့ ပြောင်းရွှေ့စရိတ်နဲ့ ခေါ်မှသာ ပြောင်းဖို့ ဖြစ်နိုင်တော့မှာပါ။

ဒါပေမယ့်လည်း လက်ရှိ စီးပွားရေး အနေအထားအရ အဆိုပါ အနေအထားကလည်း ဖြစ်နိုင်ဖွယ် အင်မတန် နည်းပါတယ်။

မနှစ်က အငှားခေါ်ယူပြီး အသင်းမှာ ခြေစွမ်းလည်း ပြသပေးနိုင်ခဲ့တဲ့ ကော်တင်ဟိုကို ဘိုင်ယန်မြူးနစ်အသင်းက လည်း ယူရို သန်း ၁၂၀နဲ့ အပြီးသတ် ခေါ်ယူဖို့ ငြင်းပယ်ခဲ့တာကြောင့် ကော်တင်ဟိုအနေနဲ့ ဘာစီလိုနာကို ပြန်လာ ရတာပါ။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းမှာ ကွင်းလယ်အင်ဂျင်အဖြစ် ကစားခဲ့တဲ့ ရာကီတစ် အသင်းဟောင်း ဆီဗီလာ ကို ပြန်သွားပြီ ဖြစ်လို့ ကော်တင်ဟိုအနေနဲ့ ကိုးလ်မန်းရဲ့ ကွင်းလယ်အင်ဂျင် ဖြစ်လာနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။

နည်းပြဟောင်း ဗယ်လ်ဗာဒီလက်ထက်မှာတုန်းက ကော်တင်ဟိုကို တောင်ပံမှာ ထားကစးခဲ့ပြီး အဆိုပါ နေရာက ကော်တင်ဟိုအတွက် အဆင်မပြေခဲ့တာကြောင့် အငှားချခြင်း ခံခဲ့ရတာပါ။


Author


က္က