အင်တာမီလန်က ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတာပါ။

လာမယ့် ၃နှစ်၄နှစ်လောက်အတွင်း မက်ဆီ ကစားသမားဘဝက အနားယူဖို့ရှိပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ကိုတော့ ဘာစီလိုနာမှာပဲ ကုန်ဆုံးမှာပါလို့ အသင်းဥက္ကဌ ဘာတိုမြူက beIN SPORTS သတင်းဌာနကို ပြောလာတာ ပါ။

အင်တာက စိတ်ဝင်စားနေသော်လည်း ဘာစီလိုနာမှာသာ မက်ဆီရဲ့ ကစားသမားဘဝ ကုန်ဆုံးမယ်လို့ ဥက္ကဌ ဘာတိုမြူက ထုတ်ဖော်ပြောလာပါတယ်။



အသက် ၃၃နှစ်အရွယ် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ၂၀၂၁ခုနှစ် ဇွန်လအထိသာ ကျန်ရှိ တော့ချိန်မှာ စီးရီးအေကလပ် အင်တာမီလန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

“ကျွန်တော့်ပြောစကားမဟုတ်ပါဘူး၊ သူ့ကစားသမားဘဝကို ဒီမှာပဲ ကုန်ဆုံးချင်တယ်လို့ လီယွန်အမြဲပြောတာပါ။ ဒီအသင်းက သူ့ဘဝလို့လဲ ကျွန်တော်ထင်ပါတယ်၊သူ့အတွက် ဒီအသင်းက အကောင်းဆုံးပါပဲ။”လို့ ဘာတိုမြူက beIN SPORTSသတင်းဌာနကိုပြောခဲ့တာပါ။

အင်တာမီလန်အသင်းရဲ့ စိတ်ဝင်စားမှုနဲ့ ခေါ်ယူဖို့ ကောလာဟလာတွေ ထွက်ပေါ်နေတဲ့အပေါ်မှာလည်း ဘာတိုမြူက - “ သူအသင်းက ထွက်သွားမယ်ဆိုတဲ့အပေါ် စိုးရိမ်စိတ်မရှိပါဘူး၊စာချုပ်သစ်ချုပ်ဆိုမယ်လို့လည်း မျှော်လင့်ထားပါ တယ်။ ဖြစ်လာမယ်လို့လည်းယုံကြည်ပါတယ်၊နောက်ပြီး လာမယ့် ၃နှစ် ၄နှစ်အတွင်း မက်ဆီ ဒီမှာပဲ ကစားသမားဘဝ ကို ကုန်ဆုံးမယ်ဆိုတာလည်း သံသယမဖြစ်ပါဘူး။”လို့ ဆက်လက်ပြောခဲ့ပါသေးတယ်။

ထပ်မံပြီးတော့လည်း အင်တာမီလန်အသင်းနဲ့ ပြောနေတဲ့ စကားတွေထဲမှာ အသက်အရွယ်အရ အကျပိုင်းရောက်လာ ပြီဖြစ်တဲ့ အသင်းရဲ့ ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်နေရာမှာ အစားထိုးနိုင်ဖို့ အင်တာမီလန်အသင်းရဲ့ အသက် ၂၂နှစ်အ ရွယ် တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူနိုင်ရေးသာ ပြောဆိုနေတာရှိတယ်လို့လည်း ဘာတိုမြူက ဆိုပါသေးတယ်။

မက်ဆီကတော့ ဒီရာသီ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဆုဖလား မကိုင်မြှောက်နိုင်ပေမယ့် လိဂ်သွင်းဂိုး ၂၅ဂိုးသွင်းယူနိုင်ပြီး ရွှေဖိနပ်ဆုကို ၄ကြိမ်ဆက် ၇ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လာလီဂါ ဥက္ကဌ ဂျာဗီယာတိဘတ်စ်ကလည်း မက်ဆီကို စပိန်လာလီဂါမှာပဲ ကစားသမားဘဝကုန်ဆုံးတဲ့အချိန်အထိ ကစားစေဖို့ မျှော်လင့်ကြောင်း ပြောထားပါသေးတယ်။

Share

Loading Next Article...
က္က