ဘာစီလိုနာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲကို အားပေးဖို့ ရောက်နေကြတာပါ။

ဟိုတယ်ဝန်ထမ်းနှစ်ဦးကို ဆဲရေးတိုင်းထွာခဲ့တာ ဖြစ်သလို လီဗာပူး ပရိသတ်အချို့ဟာလည်း ဘီယာဗူး ၃၀၀၀ ကျော်ကို ရောင်းချဖို့ ကြိုးစားတာကြောင့် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ Daily Mail ကဖော်ပြပါတယ်။

ဘာစီလိုနာ မြို့တွင်း သောင်းကျန်းနေတဲ့ လီဗာပူး ပရိသတ်အချို့ရဲ့ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာတဲ့အကြောင်း Daily Mailကဖော်ပြလာပါတယ်။



လက်ရှိအချိန်မှာတော့ ဆိုးသွမ်း လီဗာပူးပရိသတ် ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီ ဘာစီလိုနာရှိ ပလာကာရီရယ်ဟိုတယ် ဝန်ထမ်းနှစ်ဦးကို ဆဲရေးတိုင်းထွာခဲ့ကြလို့ ဖြစ်တယ်လို့ သိရပါတယ်။

စပိန်သတင်းစာဖြစ်တဲ့ Sport ရဲ့ ဖော်ပြချက်အရ အဆိုပါ လီဗာပူး ပရိသတ်တွေအနေနဲ့ အရာဝတ္ထုတွေနဲ့ရဲတွေ ကို ပစ်ပေါက်ခဲ့သလို ဘီယာဗူး သုံးထောင်လောက်ကိုလည်း ရောင်းချဖို့ ကြိုးပမ်းနေလို့ စပိန်ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီဖြစ်စဉ်အပေါ်မှာတော့ လီဗာပူး ပရိသတ်တွေက စပိန်ရဲတပ်ဖွဲ့တွေအနေနဲ့ သူတို့အပေါ် လို အပ်သည်ထက် ပိုမို ဖိအားပေး ဆက်ဆံနေတယ်လို့ လူမှုကွန်ရက်မှာ ပြန်လည်ရေးသားဖော်ပြထားတယ်လို့ Daily Mail ကဖော်ပြပါတယ်။

လီဗာပူးနဲ့ ဘာစီလိုနာတို့က ဒီကနေ့ည မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁ နာရီခွဲမှာ ဘာစီလိုနာအသင်းရဲ့အိမ်ကွင်း နူးကမ့်မှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ယှဉ်ပြိုင်ကစားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က