ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့နီးစပ်နေသူပါ။

အေဂျက်အသင်းခေါင်းဆောင်ဒီလစ်ဟာ လာမယ့်ရာသီမှာ ဖရန်ကီဒီဂျောင်၊ မက်ဆီတို့နဲ့အတူ တွဲကစားခွင့်ရမယ်ဆိုရင် အရမ်းကောင်းမယ်လို့ ဝန်ခံပြောကြားခဲ့ကြောင်း Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နယ်သာလန်လက်ရွေးစင်နောက်ခံကစားသမား ဒီလစ်ဟာ အေဂျက်အသင်းကို ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်တွင်းဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီလစ်ကို တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ၅ သောင်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ဘောလုံးလောကမှာ လစာအမြင့်မားဆုံး ဆယ်ကျော်သက်ကစားသမားဖြစ်လာစေမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့တာကြောင့် ဒီလစ်ကို အခြားဥရောပထိပ်သီးအသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ခေါ်ယူနိုင်စွမ်း မရှိဖြစ်နေပြီး ဘာစီလိုနာအသင်းက ဒီလစ်ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေတာဖြစ်ပါတယ်။

ဒီလစ်ဟာ ဘာစီလိုနာအသင်းရဲ့ နောက်ဆုံးကမ်းလှမ်းမှုကို စိတ်ဝင်စားခြင်းမရှိဘူးလို့ သိရပြီး လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းက ယခုနွေရာသီမှာ ဒီလစ်ကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ သိရပါတယ်။ လာမယ့်ရာသီ ဘယ်အသင်းမှာ ကစားမှာလဲဆိုတဲ့မေးခွန်းကို ဒီလစ်က ဖြေကြားဖို့ ငြင်းဆန်ခဲ့ပေမယ့် ဘာစီလိုနာကို ပြောင်းရွှေ့သွားတဲ့ အသင်းဖော်ဒီဂျောင်၊ မက်ဆီတို့နဲ့အတူ တွဲကစားချင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဘာစီလိုနာအသင်းက အရမ်းကောင်းတဲ့နောက်ခံကစားသမားတွေရှိပြီး အဲဒီလိုနေရာမှာ ယှဉ်ပြိုင်မှုတွေရှိတယ်ဆိုတာ ယုတ္တိတန်ပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော့်ကို ကြောက်ရွံ့စေတဲ့အရာတော့မဟုတ်ပါဘူး”

“ဟုတ်တာပေါ့။ ဒီဂျောင်ရယ်၊ မက်ဆီတို့နဲ့အတူ ကစားရမယ်ဆိုရင် အရမ်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် အကောင်းဆုံးက ဘာလဲဆိုတာကို ကြည့်ရမှာပါ”လို့ Mundo Deportivo ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က