ဘိုင်ယန်မြူးနစ်ကို တစ်ရာသီအငှားနဲ့ လာကစားတာပါ။

ကော်တင်ဟိုကတော့ ဘိုင်ယန်မြူးနစ်အသင်းမှာ အာဂျန်ရော်ဘင် ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်သွားမှာပါ။

ဘာစီလိုနာအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို တစ်ရာသီအငှားနဲ့ ရောက်လာတဲ့ ဘရာဇီး လက်ရွေးစင် ကော်တင်ဟိုက ဘာစီလိုနာမှာ ရှိစဉ် လုပ်ချင်တာ တစ်ခုမှ လုပ်ခွင့်မရခဲ့ဘူးလို့ မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောခဲ့တဲ့အကြောင်း BBC SPORTက ဖော်ပြလာပါတယ်။



“ဘာစီလိုနာမှာတုန်းက လုပ်ချင်တာတွေ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး၊အခုတော့ ဘိုင်ယန်ကို ကျွန်တော် ရောက်လာတာ သမိုင်းဝင်ပါပဲ။ ဒီမှာ ကာလရှည်နေနိုင်ဖို့နဲ့ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ မျှော် လင့်ထားပါတယ်။ဒါ့အပြင် ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ခွင့်ရတာကလည်း အခွင့်အရေးကောင်း တစ်ရပ် ပါပဲ။” လို့ ကော်တင်ဟိုက ပြောခဲ့တာပါ။

ကျောနံပါတ် ၁၀က ဘိုင်ယန်မြူးနစ်ရဲ့ ဂန္တဝင်ကစားသမားလို့တောင် ဆိုလို့ရမယ့် အာဂျင်ရော်ဘင် ဝတ်ဆင်ခဲ့ တဲ့ ဂျာစီလည်း ဖြစ်ပါတယ်။

“ ဘာစီလိုနာအသင်းကို အခုသဘောတူညီမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကော်တင်ဟိုအနေနဲ့ ကျွန်တော်တို့ လိုအပ်နေတဲ့ အပိုင်းကို သူ့ရဲ့ စွမ်းရည်တွေနဲ့ ဖြည့်ဆည်းပေးနိုု်င်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဘိုင်ယန်မြူးနစ် အမှုဆောင်ချုပ် ရူမန်နီဂီကလည်း ပြောခဲ့ပါတယ်။

ကော်တင်ဟိုကိုတော့ဘာစီလိုနာအသင်းက ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၈.၅ သန်းနဲ့ တစ်ရာသီအငှားပေးပို့ထားတာပါ။

အငှားသဘောတူစာချုပ်မှာတော့ အပြီးဝယ်ယူခွင့်ရှိနေပြီး အပြီးသတ်ဈေးနှုန်းကတော့ ယူရို သန်း ၁၂၀ ဈေးခေါ်ထားပါတယ်။

Share

Loading Next Article...
က္က