ဇာဗီအနေနဲ့ အယ်လ်ဆက်ဒ်အသင်းကို ကာတာချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။
Win Kyaw Min

ကာတာကလပ်အယ်လ်ဆက်ဒ်အသင်းနည်းပြအနေနဲ့ ဘာစီလိုနာနည်းပြရာထူးအတွက် ကမ်းလှမ်းခြင်းခံခဲ့ရပေ မယ့် အံအားသင့်ဖွယ်ငြင်းဆန်ခဲ့တာပါ။

အယ်လ်ဆက်အသင်းနည်းပြဇာဗီက အသင်းဟောင်းဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တဲ့အတွ က် ကျေနပ်ဂုဏ်ယူမိခဲ့သော်လည်း အချိန်မတန်သေး၍ ငြင်းဆန်ခဲ့ရခြင်းဖြစ်ကြောင်း၊ ဥရောပထိပ်တန်းအသင်း တစ်သင်းကို ကိုင်တွယ်ဖို့ အတွေ့အကြုံပိုင်းလိုအပ်ချက်ရှိနေသေးတယ်လို့ ခံယူမိခဲ့တဲ့အတွက် ကမ်းလှမ်းမှုကိုပ ယ်ချခဲ့တာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ခြင်းကို as.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ နည်းပြဗယ်ဗာဒီကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် နည်းပြသစ်ရာ ထူးအတွက် ဇာဗီကို ကမ်းလှမ်းခဲ့ပေမယ့် ကာယကံရှင်က ငြင်းပယ်ခဲ့ခြင်းကြောင့် လက်ရှိနည်းပြဆက်တီယန်ကို ခန့်အပ်တာဝန်ပေးခဲ့တာလည်းဖြစ်ပါတယ်။



“ ပြီးခဲ့တဲ့ ဇန်နဝါရီက ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပါတယ်။ တကယ်ကိုအရေးပါတဲ့ကမ်းလှမ်းခံရခြ င်းတစ်ခုဖြစ်ပေမယ့် အတွေ့အကြုံပိုင်းလိုအပ်ချက်ကြောင့် ငြင်းဆန်ခဲ့ရပါတယ်။ ဘာစီလိုနာလိုအသင်းကိုတာဝန် ယူကိုင်တွယ်ဖို့အတွက် နည်းပြအတွေ့အကြုံအနည်းငယ်လိုအပ်နေသေးလို့ပါ။ ဒါပေမဲ့တစ်နေ့မှာ ဘာစီလိုနာန ည်းပြဖြစ်လာဖို့က အိပ်မက်တစ်ခုပါ ” လို့ ဇာဗီက ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ဘာစီလိုနာအသင်းအနေနဲ့အရင်ကထိပ်တန်းနည်းပြများကိုခန့်အပ်လေ့ရှိပေမယ့် နောက်ပိုင်းတွင်ကစားသမား ဟောင်းနည်းပြများဖြစ်တဲ့ ဂွါဒီယိုလာ၊ ဗီလာနိုဗာ၊ လူးဝစ်ဇ်အန်းနရစ်၊ ဗယ်ဗာဒီတို့လက်ထက်တွင် ပိုပြီးအောင် မြင်ခဲ့တဲ့အတွက် ကစားသမားဟောင်းနည်းပြများကိုသာ တာဝန်ပေးခန့်အပ်နေခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိနည်းပြအဖြစ်သူ ဆက်တီယန်အနေနဲ့ အသင်းကို ချန်ပီယံဆုလမ်းကြောင်းတွေပေါ်မှာ ရှိနေအောင်စွမ်း ဆောင်ထားပေမယ့်ပြည်တွင်းဖလားတစ်ခုဖြစ်တဲ့ကိုပါဒယ်လ်ရေးပြိုင်ပွဲမှာတော့ဆီမီးဖိုင်နယ်အဆင့်နဲ့သာကျေ နပ်ခဲ့ရလို့ လာမယ့်ရာသီသစ်အထိဆက်ရှိနေဖို့ မသေချာတဲ့အခြေအနေရှိနေတယ်လို့ သုံးသပ်မှုတွေရှိနေခဲ့တာ ပါ။


Author

  • Win Kyaw Min

က္က