အသင်းသားတွေနဲ့အတူတူ ဆာအဲလက်စ် လိုက်ပါသွားခဲ့ပါတယ်။
Pyae Phyo Thein

ကစားသမား (၂၀)ဦးအထိ ပါဝင်ခဲ့ပြီး နည်းပြဆိုးလ်ရှားရဲ့ ဦးဆောင်မှုနဲ့အတူ ယူနိုက်တက်ဟာ ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့ ပဲရစ်ကို ထွက်ခွာခဲ့ရာမှာ အသင်းအမှုဆောင်ချုပ်ဟောင်း ဒေးဗစ်ဂီးလ်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ် (၁၆)သင်းပွဲ ဒုတိယအကျော့ကို သွားရောက်ကစားရမယ့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြင်သစ်ကို ထွက်ခွာခဲ့ရာမှာတော့ နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အသင်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာ ခွန်အားတစ်ခုဖြစ်လာစေဖို့ ယူနိုက်တက်ဘက်က ရည်ရွယ်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။

ကစားသမား (၂၀)ဦးအထိ ပါဝင်ခဲ့ပြီး နည်းပြဆိုးလ်ရှားရဲ့ ဦးဆောင်မှုနဲ့အတူ ယူနိုက်တက်ဟာ ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့ ပဲရစ်ကို ထွက်ခွာခဲ့ရာမှာ အသင်းအမှုဆောင်ချုပ်ဟောင်း ဒေးဗစ်ဂီးလ်လည်း ပါဝင်ခဲ့တယ်လို့ သိရပြီး ဒဏ်ရာရကစားသမားတွေကတော့ ကျန်ရစ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အံ့အားသင့်ဖွယ်ရာအဖြစ် ဆာအဲလက်စ်က တစ်ပါတည်း လိုက်ပါခဲ့တာကို တွေ့ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းမှာ ဒဏ်ရာရကစားသမားတွေဖြစ်တဲ့ မာတာ၊ ဟာရဲရား၊ မာတစ်၊ ဗလန်စီယာ၊ လင်ဂတ်၊ မာရှယ်၊ ဆန်းချက်ဇ် နဲ့ ဒါမီယန်၊တို့ ကျန်ရစ်ခဲ့ကြပြီး လူငယ်ကစားသမားတွေဖြစ်တဲ့ တာဟစ်ချောင်၊ ဂါနာ၊ ဂရင်းဝုဒ်၊ အိန်ဂျယ်ဂိုးမက်စ်၊ ဝီလီယံတို့လည်း ပါဝင်သွားခဲ့ကြတာကို တွေ့လို့ လူငယ်ကစားသမားအများစုနဲ့ အသွင်သစ်ယူနိုက်တက်ကို မြင်တွေ့ခဲ့ရပါတယ်။

ဒီဂီယာ၊ ရိုမဲယိုး၊ လီဂရန့်၊ ဘိုင်ယီ၊ ဒါလော့၊ လင်ဒီလော့ဖ်၊ ရိုဟို၊ လုခ်ရှော၊ စမောလင်း၊ အက်ရှ်လေယန်း၊ ဖရက်ဒ်၊ တော်မီနေး၊ ပါရဲရား၊ လူကာကူ နဲ့ ရက်ဖို့ဒ်တို့ လူစာရင်းမှာ ပါဝင်နေခဲ့ကြပါတယ်။ ပထမအကျော့ကို ရှုံးကြွေးကို ဆပ်နိုင်ဖို့ ဆိုးလ်ရှားက မျှော်လင့်နေပေမယ့်လည်း အသင်းမှာ အားထားရတဲ့ ကစားသမားအများစု မပါဝင်တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ်လည်း ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ နေမာ နဲ့ ကာဗာနီတို့ မပါဝင်နိုင်ပေမယ့် အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိထားလို့ နောက်တဆင့်ကို တက်ရောက်ဖို့ အခြေနေကောင်းနေခဲ့ပြီး အိမ်ကွင်းမှာ သက်တောင့်သက်သာနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က