နည်းပြဂွါဒီယိုလာက စိတ်ဝင်စားခြင်းမရှိဘူးလို့ သိရပါတယ်။
Kg Htet

မန်ချက်စတာစီးတီးအသင်းဟာ ရီးရဲမက်ဒရစ်ကွင်းလယ်ကြယ်ပွင့် အစ္စကို ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ အစ္စကိုဟာ နည်းပြသစ်ဆိုလာရီလက်ထက်မှာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်မရရှိသေးသူဖြစ်ပါတယ်။

အစ္စကိုဟာ ဂျူဗင်တပ်၊ ချယ်ဆီး၊ အာဆင်နယ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရသူဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကလည်း အစ္စကို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေမယ်လို့ နားလည်ထားခဲ့ကြပါတယ်။



စပိန်က သတင်းတွေအရ မန်ချက်စတာစီးတီးအသင်းရဲ့လက်ထောက်နည်းပြ အာတီတာက အစ္စကိုရဲ့အပြောင်းအရွှေ့ ဖြစ်နိုင်ဖွယ်ရှိ၊ မရှိ စုံစမ်းမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အစ္စကိုကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားခေါ်ယူူမှု တစ်ခုမှ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ မျှော်လင့်ရပြီး ကွင်းလယ်တိုက်စစ်ရွေးချယ်စရာများတာကြောင့် ပျော်ရွှင်နေတဲ့ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကတော့ အခြားနေရာတွေကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ တနင်္ဂနွေနေ့က ရီးရဲဘက်တစ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အစ္စကို ကို လူစားဝင်ကစားခွင့်တောင် မပေးခဲ့ဘဲ မန်စီးတီးအသင်းကနေ ခေါ်ယူထားတဲ့ လူငယ်ကြယ်ပွင့် ဘရာဟင်ဒိုင်ယက်ဇ်ကိုသာ လူစားဝင်ကစားစေခဲ့တာ တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က