အသက် ၂၂ နှစ်အရွယ် Gamer လို့ သိရပါတယ်။
Pyae Phyo Thein

တီယာဂိုကတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့တဲ့ နေမာရဲ့ မွေးနေ့ပွဲပါတီကို တက်ရောက်ခွင့်ရရှိခဲ့သူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။


ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာရဲ့ မိခင်ဖြစ်သူဟာ အသက် ၂၂နှစ်အရွယ်သာရှိသေးတဲ့ ချာတိတ်တစ်ဦးနဲ့ တွဲခုတ်နေတယ်လို့ သိရပါတယ်။ နာဒင်းဂွန်ကယ်လေ့ဗ်တို့ အမည်ရတဲ့ နေမာရဲ့မိခင်ဟာ အသက် ၅၂နှစ်အရွယ်ရှိနေပြီလို့ ခန့်မှန်းရပြီး တီယာဂိုရာမို့စ်လို့ အမည်ရတဲ့ အသက် ၂၂နှစ်အရွယ် Gamer တစ်ဦးနဲ့ ချစ်ကြိုက်နေတာလည်းဖြစ်ပါတယ်။ 

ကယ်လေ့ဗ်နဲ့ တီယာဂိုတို့နှစ်ဦးစလုံးကလည်း သူတို့ရဲ့ဓာတ်ပုံကို အင်စတာဂရမ်မှာ အသီးသီးဖော်ပြခဲ့ကြပြီး သူတို့တွေ ချစ်ကြိုက်နေတယ်ဆိုတာကို လူသိရှင်ကြားအတည်ပြုခဲ့ပါတယ်။ နေမာကလည်း သူ့မိခင်ရဲ့ ဓာတ်ပုံအောက်မှာ "ပျော်ရွှင်ပါစေ အမေ၊ ချစ်တယ်" လို့ ရေးသားခဲ့ပြီး မိခင်ဖြစ်သူရဲ့ ချစ်မှုရေးရာတွေအပေါ်မှာ တစ်စုံတစ်ရာစွက်ဖက်ခဲ့ခြင်းမရှိတာကို တွေ့ခဲ့ရတယ်လို့ Give Me Sport က ဖော်ပြခဲ့ပါတယ်။ 

တီယာဂိုကတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့တဲ့ နေမာရဲ့ မွေးနေ့ပွဲပါတီကို တက်ရောက်ခွင့်ရရှိခဲ့သူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ နေမာရဲ့ မိခင်ဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ကတော့ တရားဝင်ကွာရှင်းပြတ်စဲထားသူတွေဖြစ်ပြီး ဖခင်ဖြစ်သူကတော့ မိသားစုနဲ့ ဆက်ဆံမှုတွေရှိနေဆဲဖြစ်ပါတယ်။ 

တီယာဂိုဟာ နေမာရဲ့ ပရိသတ်တစ်ဦးလည်းဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ နေမာနဲ့ပတ်သက်ပြီးတော့ ထုတ်ဖော်ပြောဆိုမှုတွေကို ပြုလုပ်ခဲ့ဖူးပါတယ်။ "နေမာ၊ မင်းက တကယ်ကောင်းမွန်တဲ့ ကစားသမားပါ၊ မင်းကို ဘယ်လောက်ထိနှစ်သက်လဲဆိုတာကို ငါမရှင်းပြတတ်ဘူး၊ မင်းကစားတာကို ငါမြင်တွေ့နေရပြီး အရမ်းလည်း စိတ်အားတက်ကြွမိတယ်၊ ဒီမက်ဆေ့ဂျ်ကို တစ်နေ့နေ့မှာ မင်းတွေ့မယ်လို့ မျှော်လင့်ပါတယ်၊ မင်းက ငါ့ရဲ့ညီအကိုပါပဲ၊ အတူတူကစားချင်ပါသေးတယ်" လို့ ပြောဆိုခဲ့ဖူးပါတယ်။ 


က္က