ဂျူဗင်တပ်က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းက ၈ နှစ်ဆက် ချန်ပီယံဖြစ်ပြီး အင်တာမီလန်အနေနဲ့ အခုလို တိုးတက်လာတဲ့အခိုက်နဲ့ သွားမယှဉ်သင့်သေးဘူးလို့ ကွန်တီက ဝန်ခံလိုက်တာပါ။

တနင်္ဂနွေနေ့က ဂျူဗင်တပ်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အင်တာမီလန်အသင်းအနေနဲ့ ဂျူဗင်တပ်အသင်း နဲ့ နှိုင်းယှဉ်လို့ မရသေးတဲ့အကြောင်း နည်းပြ ကွန်တီက ဝန်ခံခဲ့တယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြ လာပါတယ်။



အင်တာမီလန်ရဲ့ အရှုံးကြောင့် ၈နှစ်ဆက် စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်အသင်းကို အမှတ်ပေးဇယားထိပ်ကို ပြန်လည်ရောက်ရှိစေခဲ့ပါတယ်။

အင်တာမီလန်အသင်းအနေနဲ့ ခြေစွမ်းပိုင်း မြင့်မားစွာ တည်ရှိနေပေမယ့် တိုးတက်လာတဲ့အသင်းတစ်သင်းက ဂျူဗင်တပ်အသင်းနဲ့ ဘယ်လိုမှ မနှိုင်းယှဉ်သင့်ဘူးလို့ သုံးသပ်လိုက်တာပါ။



“ တာတိုပြိုင်ပွဲမဟုတ်တဲ့အတွက် လူငယ်တွေရဲ့အားနဲ့ ကျွန်တော်တို့ အလုပ်ပိုကြိုးစားဖို့ လိုပါသေးတယ်။ ကျွန်တော်တို့အနေနဲ့အခုချိန်မှာ ဂျူဗင်တပ်နဲ့တော့ မနှိုင်းယှဉ်သင့်သေးပါဘူး။ သူတို့က အခြားတစ်ဖက်ကို  ရောက်နေပါပြီ။ လိုအပ်တဲ့ အမှတ်ကွာဟမှု မကြီးမားသွားအောင်သာ ကျွန်တော်တို့ စွမ်းဆောင်ရပါလိမ့်မယ်။” လို့ ကွန်တီက ပွဲအပြီးမှာပြောသွားပါတယ်။

အခုလို ဂျူဗင်တပ်အသင်းက အင်တာမီလန်ကို အနိုင်ယူလိုက်နိုင်လို့စီးရီးအေမှာ တစ်သင်းတည်းသော ရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ် ကျန်ရှိနေပါတော့တယ်။ 

Share

Loading Next Article...
က္က