၆ ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
Pyae Phyo Thein

ဆီဗီလာကတော့ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့်လည်း ဒီဂျောင်ရဲ့ ခေါင်းတိုက်ဂိုးတွေနဲ့ပွဲကို ဦးဆောင်ခဲ့ပြိး ဒုတိယပိုင်းမှာ ဒီယေဂိုကားလို့စ်က အနိုင်ဂိုးကိုလှလှပပနဲ့ သွင်းယူပေးသွားခဲ့ပြီး ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ 


အင်တာမီလန်နဲ့ ဆီဗီလာတို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတစ်ပွဲကိုကစားခဲ့ရတဲ့ အင်တာက ပွဲစကတည်းက တိုက်စစ်ကို အားထည့်ကစားခဲ့ပြီးတော့ ဆီဗီလာကို ဖိအားပေးခဲ့ပြီး ဦးဆောင်ဂိုးလည်း ရယူနိုင်ခဲ့ပါတယ်။

လူကာကူက သူ့ကြောင့်ရတဲ့ ပယ်နယ်တီကို ကိုယ်တိုင်ကန်သွင်းပြီး ပွဲချိန်ငါးမိနစ်မှာပဲ အသင်းအတွက် ဦးဆောင်ဂိုးရယူပေးခဲ့တာပါ။ မထင်မှတ်ဘဲ ဂိုးပေးလိုက်ရတဲ့ ဆီဗီလာကတော့ ယူရိုပါလိဂ်အတွေ့အကြုံရင့် အသင်းပီပီ ကြောင်အသွားမနေခဲ့ဘဲ တိုက်စစ်ပြန်လည်ဖွင့်ဆော့ခဲ့ပြီး အင်တာကိုပြန်ခြိမ်းခြောက်ခဲ့ကာ ၁၂ မိနစ်မှာ ဒီဂျောင်က ဖြတ်တင်ဘောကတဆင့် အနီးကပ်ခေါင်းတိုက်ကာ ပြန်လည်ချေပခဲ့ပါတယ်။ 

တစ်ဂိုးစီသရေဖြစ်ခဲ့ပြီးနောက်မှာ ဆီဗီလာက ပိုခြိမ်းခြောက်လာခဲ့ပြီးတော့ ပွဲကိုစိုးမိုးခဲ့ပါတယ်။ ၃၃ မိနစ်မှာတော့ ဒီဂျောင်ကဘဲ အဝေးထောင့်ကို ခေါင်းတိုက်ကာ ဆီဗီလာအတွက် ဦးဆောင်ဂိုးပြန်ယူပေးသွားခဲ့ပါတယ်။ ဒီဂိုးကလည်း ၃ မိနစ်သာခံခဲ့ပြီးတော့ ၃၆ မိနစ်မှာ ဂိုဒင်က အလွတ်တည််ကန်ဘောကနေ မ တင်ပေးလိုက်တဲ့ဘောလုံးကို အပိုင်ခေါင်းတိုက်ပြီး အင်တာအတွက် ချေပဂိုးပြန်သွင်းခဲ့လို့ ပထမပိုင်းမှာ ၂ဂိုးစီသရေကျသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံးကို ပွဲကိုထိန်းချုပ်ဖို့ ကြိုးစားခဲ့လို့ ပြိုင်ဆိုင်မှုအားလျော့ခဲ့ပြီး ထိုးဖောက်မှုတချို့နဲ့သာ အချိန်ကုန်ဆုံးနေခဲ့ပါတယ်။ လူကာကူ အပိုင်အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပေမယ့် ဂိုးသမားခြေထောက်နဲ့ထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ပွဲက အနည်းငယ်အေးစက်ခဲ့ပြီးနောက် ၇၄ မိနစ်မှာတော့ မထင်မှတ်ဘဲ ဆီဗီလာတို့ ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဒီယေဂိုကားလို့စ်က ဧရိယာအတွင်းမှာ ပြန်လျှံကျလာမှုကို နောက်ပြန်ကန်ချက်နဲ့ လှလှပပသွင်းယူခဲ့ပြီး လူကာကူနဲ့ထပ်ဆင့်ထိကာ ဂိုးဝင်သွားခဲ့ပါတယ်။ 

ဒီနောက်မှာတော့ ကွန်တီက အသင်းကို လူစားလဲမှုတွေတစ်ပြိုင်တည်းပြုလုပ်ခဲ့ပြီး ချေပဂိုးပြန်ရဖို့ အားထုတ်ခဲ့ပါတယ်။ ဆန်းချက်ဇ်ရဲ့ ဧရိယာအတွင်းက အနိးကပ်ပိတ်သွင်းမှုကို ဆီဗီလာနောက်တန်းဖျက်ထုတ်သွားခဲ့လို့ အင်တာတို့နစ်နာခဲ့ရပြန်ပါတယ်။ ဆီဗီလာကတော့ အနိုင်ဂိုးကိုထိန်းကစားဖို့သာ အားထုတ်ခဲ့ပြီးတော့ အင်တာမီလန်က ချေပဂိုးပြန်ရဖို့ အစွမ်းကုန်အားထုတ်ခဲ့ပေမယ့် အခွင့်အရေးမဖန်တီးနိုင်ခဲ့လို့ ယူရိုပါလိဂ်ဖလားကို လက်လွှတ်ခဲ့ရပါတော့တယ်။ 


Author


က္က