ဂျူဗင်တပ်ကစားသမားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေတယ်ဆိုတဲ့ သတင်း‌ကြောင့်ပါ။

ဂီတာဖေးနဲ့ ဒီကနေ့ညမှာ ယူရိုပါလိဂ်ပွဲကစားဖို့ရှိတဲ့ပွဲက အခုထုတ်ပြန်ချက်ကြောင့် အလိုအလျောက် ပျက်ပြယ် ခဲ့ပြီလို့ ဆိုရမှာပါ။

ဂျူဗင်တပ်အသင်း နောက်ခံလူ ရူဂါနီဆီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီလို့ သိရပြီးတဲ့နောက်မှာတော့ အင်တာမီလန်အသင်းဟာ ပါဝင်ယှဥ်ပြိုင်နေတဲ့ ပြိုင်ပွဲအားလုံးထံကနေ နှုတ်ထွက်လိုက်ပြီလို့တရားဝင် သတင်းထုတ်ပြန်လိုက်ပြီလည်း ဖြစ်ပါတယ်။






ဂျူဗင်တပ်အသင်းကတော့ ဗုဒ္ဓဟူးနေ့မှာပဲ အသင်းရဲ့ အီတလီ နောက်ခံလူ ရူဂါနီဆီမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရ ပြီလို့ တရားဝင် ကြေညာပေးခဲ့တာပါ။

ရူဂါနီကတော့ ပြီးခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ နောက်ဆုံး ကစားထားခဲ့တဲ့ အင်တာမီလန်နဲ့ပွဲမှာ အရန်စာရင်း ပါဝင် ခဲ့ပေမယ့် ပွဲကစားခဲ့ရခြင်းတော့ မရှိခဲ့ပါဘူး။

အခုချိန်မှာတော့ အင်တာမီလန်က သူ့ရဲ့အသင်းကို ဘယ်ပြိုင်ပွဲမှ ဆက်လက်မကစားစေတော့ပဲ နောက်ထပ်သ တင်းထုတ်ပြန်ချက် မထုတ်ပေးလာသမျှ ဒီအတိုင်း အတည်ဖြစ်တယ်လို့ ဖော်ပြလာပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက အခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အီတလီကတော့ ဥရောပမှာ ဖြစ်ပွားမှု အများဆုံး နိုင်ငံ ဖြစ်နေပြီး စီးရီးအေ လိဂ်ပွဲတွေကိုလည်း ဧပြီလ ၃ရက်နေ့ အထိ ရပ်နားထားသလို အခြားသော မည်သည့် ပြည်တွင်းအားကစားပွဲကိုမဆိုလည်း ရပ်နားထားပါသေးတယ်။

အင်တာမီလန်အသင်းကတော့ အခုလို ပြိုင်ပွဲအားလုံးမှာ ပါဝင်ကစားနေရာမှ နှုတ်ထွက်လိုက်တဲ့ ပထမဆုံး ဘောလုံး အသင်းတစ်သင်းလည်း ဖြစ်လာခဲ့ပါပြီ။

အင်တာမီလန်အသင်းကတော့ ဒီကနေ့ညမှာ ဂီတာဖေးအသင်းနဲ့ ယူရိုပါလိဂ် ၁၆သင်းအဆင့် ပထမအကျော့ကို အိမ်ကွင်း ဧည့်ခံကစားဖို့ ရှိနေပြီး ဒီပွဲကိုလည်း ဂီတာဖေးအသင်းက လာမကစားပဲ အရှုံးပေးဖို့အထိ လုပ်ဆောင် နေတယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က