ချစ်ခြင်းမေတ္တာနဲ့ လေးစားမှု ပြသခြင်းမခံရဘူးလို့ ရေးသားခဲ့တာပါ။
Kg Htet

အင်တာမီလန်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး အီကာဒီဟာ အသင်းအနေနဲ့ ၎င်းကို လေးစားမှုပြသဖို့ တောင်းဆိုခဲ့ပြီး ၎င်းရဲ့တိတ်ဆိတ်နေမှုကို အဆုံးသတ်ပြီး တုံ့ပြန်မှုတွေ ပြုလုပ်လိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကြယ်ပွင့်တိုက်စစ်မှူးဟာ ဖေဖော်ဝါရီလအစောပိုင်းက အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက်ပိုင်း အင်တာမီလန်အသင်းအတွက် ပါဝင် မကစားရသေးသူလည်း ဖြစ်ပါတယ်။



ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ကတ်ဂလီယာရီအသင်းနဲ့ပွဲစဉ်အတွက် ပဏာမလူစာရင်းကနေ ထပ်မံချန်လှပ်ခံခဲ့ရတဲ့ အီကာဒီက ၎င်းဟာ အသင်းကို အမြဲတမ်း ပထမနေရာမှာထားကြောင်း ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး အီကာဒီဟာ ဒူးဒဏ်ရာရရှိနေတယ်လို့ အသင်းဆေးအဖွဲ့ကို စောဒကတက်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ အသင်းဆေးအဖွဲ့ရဲ့ စမ်းသပ်စစ်ဆေးမှုမှာ သိသာထင်ရှားတဲ့ ပြဿနာမျိုး မတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အီကာဒီဟာ အင်တာမီလန်အသင်းကနေ ယခုရာသီကုန်မှာ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး ၎င်းရဲ့အင်စတာဂရမ်မှာ ရေးသားခဲ့တဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အသင်းအတွက် ၎င်းရဲ့ပေးဆပ်မှုတွေအကြောင်းနဲ့ တာဝန်ရှိသူတွေက ချစ်ခြင်းမေတ္တာနဲ့ လေးစားမှု မပြသကြောင်း ရေးသားခဲ့ပါတယ်။


Author


က္က