အသင်းမပြောင်းရွှေ့မီ နည်းပြဆိုးလ်ရှားရဲ့ ဒေါသထွက်ခြင်းခံခဲ့ရသူပါ။
Kg Htet

ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ကြေးပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်အသင်းမှာမှ အလုပ်အစစ်ကို လုပ်နေရတယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားက ယခုနွေရာသီမှာ ဘယ်လ်ဂျီယံလက်ရွေးစင်ကြယ်ပွင့်ကို ရောင်းချဖို့ ရွေးချယ်ခဲ့ပြီး အင်တာမီလန်အသင်းက အင်္ဂလန်အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာ အပြီးသတ်ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။



လူကာကူဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားပေးခဲ့ခြင်းမရှိသူဖြစ်ပြီး နည်းပြဆိုးလ်ရှားက အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်က အပြေးနှုန်းတွေကို လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ လူကာကူကို ဒေါသပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်းကို နောက်ထပ်ဒေါသထွက်စေမယ့်စကားကို ပြောဆိုလိုက်ပြီး ယူနိုက်တက်မှာ နည်းပြဆိုးလ်ရှားလက်အောက် လုပ်ခဲ့တဲ့လေ့ကျင့်ရေးအစီအစဉ်တွေထက် အင်တာမီလန်ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေက ပိုမိုခက်ခဲကြမ်းတမ်းကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“အဲဒါက အရမ်းပြင်းထန်တယ် ကိုယ့်လူ”

“လုံးဝကို ကွဲပြားခြားနားတယ်။ အင်္ဂလန်မှာ အလုပ်တွေအများကြီးလုပ်ရတယ်။ ဒါပေမယ့် ဒီမှာတော့ အလုပ်အစစ်ပဲ လုပ်တယ်”လို့ Otro ကို ပြောကြားခဲ့ပါတယ်။

လူကာကူက အစားအသောက်ပုံစံနဲ့ပတ်သက်ပြီးလည်း ထပ်မံ ပြောကြားခဲ့ပြီး အီတလီမှာ ပိုမိုတင်းကြပ်တဲ့စားသောက်ပုံ သတ်မှတ်ခံထားရပြီး အရွက်သုပ်တွေသာ စားသောက်ကြောင်း ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က