အသင်းပြောင်းလိုတဲ့ဆန္ဒရှိလားစုံစမ်းခဲ့တာပါ။
Kg Htet

ဂျူဗင်တပ်အသင်းဟာ အင်တာမီလန်ကြယ်ပွင့်တိုက်စစ်မှူး အီကာဒီ အသင်းပြောင်းရွှေ့လိုလား၊ မပြောင်းရွှေ့လိုဘူးဆိုတာကို စုံစမ်းမေးမြန်းခဲ့ကြောင်း အင်တာမီလန်ဘောလုံးအရာရှိချုပ် ဖေဘီယိုပရာတီစီက အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့အတွက် အီကာဒီရဲ့အနာဂတ်ဟာ အင်တာမီလန်အသင်းမှာ မရေမရာဖြစ်နေတာဖြစ်ပါတယ်။



အီကာဒီရဲ့အေးဂျင့်ကတော့ အီကာဒီအနေနဲ့ အသင်းပြောင်းရွှေ့လိုခြင်းမရှိကြောင်း ပြောကြားခဲ့ပေမယ့် အင်တာမီလန်အသင်းက ယခုရာသီကုန်မှာ ရောင်းချဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ပရာတီစီက ဂျူဗင်တပ်အသင်းဟာ အီကာဒီကို စိတ်ဝင်စားနေကြောင်း အသိပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ သတင်းအချက်အလက်အတွက် မေးမြန်းခဲ့ပါတယ်။ အီကာဒီ ဂျူဗီအတွက် ကစားပေးဖို့ စဉ်းစားနေလားဆိုတာ ကျွန်တော်တို့ သိချင်ပါတယ်”

“ကျွန်တော်တို့လုပ်ခဲ့တာကတော့ သူတို့ကို အသိပေးခဲ့တယ်။ အီကာဒီသာ အသင်းပြောင်းမယ်ဆိုရင် ဂျူဗီက စိတ်ဝင်စားနေပါတယ်”

“မစ္စစ်အီကာဒီနဲ့လည်း အဆက်အသွယ်မရှိတာကြာပါပြီ။ သူက အင်တာမီလန်ကစားသမားပါ။ ရှေ့လအနည်းငယ်မတိုင်မီမှာ ကျွန်တော်တို့မှာ အရေးကြီးတာရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က