လူကာကူက အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီးနောက်မှာ ကလပ်အသင်းနှစ်ခုကြားမှာ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ လိုအပ်တော့တယ်လို့ calciomercato က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးလူကာကူဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အင်တာမီလန်အသင်းတာဝန်ရှိသူတွေနဲ့ တွေဆုံဆွေးနွေးခဲ့ပြီးနောက်မှာ လူကာကူဟာ ဆန်စီရိုကို ပြောင်းရွှေ့ဖို့အတွက် သဘောတူခဲ့တယ်လို့ အီတလီသတင်းဌာနတွေရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Metro က ပြန်လည်ဖော်ပြခဲ့ပါတယ်။
လူကာကူက အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီးနောက်မှာ ကလပ်အသင်းနှစ်ခုကြားမှာ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့သာ လိုအပ်တော့တယ်လို့ calciomercato က ဖော်ပြခဲ့ပါတယ်။ လူကာကူက သူ့ရဲ့ လုပ်ခလစာကို လျှော့ယူဖို့အတွက် သဘောတူညီခဲ့ပြီး အင်တာမီလန်အနေနဲ့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် (၆၂)သန်းခန့်သာ ပေးချေလိုတယ်လို့ သိရပါတယ်။
ယူနိုက်တက်ကတော့ အဲဗာတန်ကနေ လူကာကူကို ဝယ်ယူခဲ့စဉ်က ဈေးနှုန်းဖြစ်တဲ့ ပေါင်(၇၅)သန်းအထိ ပြန်လည်ရယူချင်နေတယ်လို့ သိရပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ ရက်ရှ်ဖို့ဒ်ရဲ့နောက်မှာပဲ ဦးစားပေးခံနေခဲ့ရတဲ့ လူကာကူက သူ့အနာဂတ်အတွက် စီးရီးအေကလပ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်သွားခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အတွက် (၂)ရာသီကြာ ကစားပေးခဲ့ပြီးနောက် ပြိုင်ပွဲစုံ (၉၆)ပွဲမှာ လူကာကူက သွင်းဂိုးပေါင်း (၄၂)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆိုးလ်ရှားက သူ့ရဲ့ ယူနိုက်တက်အနာဂတ်စီမံကိန်းတွေမှာ လူကာကူကို အရေးပါတဲ့နေရာမှာ ထားရှိဖို့အတွက် အာမခံချက်မပေးနိုင်ခဲ့တဲ့နောက်မှာ ကစားသမားက အသင်းပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
လူကာကူကို ခေါ်ယူနိုင်ဖို့အတွက် အင်တာမီလန်က ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်ရှိတယ်လို့ Gazzetta dello sport ကလည်း ဖော်ပြခဲ့ပြီး အထူးသဖြင့် ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ကာ ယူနိုက်တက်နဲ့ တော်တော်လေးညှိနှိုင်းရယူရမယ်လို့လည်း ခန့်မှန်းသုံးသပ်ခဲ့ပါတယ်။ အင်တာမီလန်က နည်းပြသစ်အဖြစ် ကွန်တီကို ခန့်အပ်သွားဖို့ စီစဉ်နေပြီးနောက် လူကာကူကိုပါ တစ်ပြိုင်နက်တည်းခေါ်ယူပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။